ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ရပ်ကျေးစည်းရုံးရေးမှူးများ မွမ်းမံသင်တန်းဖွင့်ပွဲ တက်ရောက်

 

လောင်းလုံး ဧပြီ ၁

တနင်္သာရီတိုင်းဒေသကြီး လောင်း လုံးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်၊ ကျေးရွာ စည်းရုံးရေးမှူးများ မွမ်းမံသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့ ကြောင်း သိရသည်။

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်နှင့် ရုံး စိုက်ထူဖွင့်လှစ်ပွဲ ကျင်းပ

 

၁-၄-၂၀၁၉ နေပြည်တော်

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်နှင့် ရုံး စိုက်ထူဖွင့်လှစ်ပွဲ ကို အောင်သုခကျေးရွာ ရွာလယ်လမ်းမရှိ ဦးအောင်ပိုင်မင်း၏ ခြံဝင်းတွင် ဧပြီလ (၁) ရက်နေ့ နံနက် (၈) နာရီက ကျင်းပရာ ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်နှင့် နယ်မြေတာဝန်ခံ ဒေါ်ယဉ်မင်းမြင့်ဆွေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ပည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် လူထုဟောပြောနည်းသင်တန်းပို့ချ

 

ဓနုဖြူ ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲတွင် လူထုဟောပြောနည်းသင်တန်းပြုလုပ်သည်။ သင်တန်းသို့ ပါတီဗဟိုအလုပ်အမှုဆောင် နေပြည်တော်ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝေလွင်၊ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်၊ ဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်း၊ မအူပင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ အတွင်းရေးမှူး ဦးအောင်ကိုဖြိုးနှင့်ကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ ၈၁ အုပ်စုမှ ဥက္ကဋ္ဌများ ပါတီဝင်များ တက်ရောက်ခဲ့သည်။

မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စွမ်းရည်မြင့်တင်ရေး သင်တန်းဆင်းပွဲကျင်းပ

 

မြိတ်၊ မတ် ၃၁

တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖွင့်လှစ် ကြီးမှူးဖွင့်လှစ်သည့် ” စွမ်းရည်မြင့်တင်ရေး(၁/၂၀၁၉)သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

အခမ်းအနားကို ယမန်နေ့ မတ်လ (၃၁)ရက်၊ညနေ ၃းဝ၀ အချိန်ခန့်က မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံး သင်တန်း ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင် ဦးတင်စိုး၊ မြိတ်ခရိုင်ပါတီဥက္ကဌ ဦးဝင်းဆွေ၊ မြိတ်မြို့နယ်ဥက္ကဌ ဦးမိုးမြင့်၊ အတွင်းရေးမှူး ဦးကိုကိုကြီး၊ မြိတ်ခရိုင်နှင့် မြို့နယ် အဆင့်ပါတီကော်မတီဝင်များ ၊ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများနှင့် ပါတီဝင်များ တက်ရောက် ကြပြီး မြိတ်ခရိုင်ပါတီဥက္ကဌဦးဝင်ဆွေမှသင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် မတ်လ ၂၈ရက် နှင့်၂၉ရက်နေ့ တို့တွင် ပြုလုပ်သည့် ပါတီရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေး ဆွေနွေးဆုံးဖြတ်ချက်များမှ ကောက်နုတ်ချက်များ


ဒေသခံပြည်သူများဖြင့် ကွင်းဆင်းတွေ့ဆုံခြင်း

 

မတ်လ ၃၁

၃၁-၃-၂၀၁၉ ရက်နေ့၊နံနက် (၁၀)နာရီအချိန် တွင် တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ဥက္ကဋ္ဌဦးဘိုစံ၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးစိုင်းရွှေထွန်းတို့သည် ခရိုင်ကော်မတီဝင် ဦးကျဒေါလော် (မိုင်းကိုးအုပ်စု၊ စည်းရုံးရေးတာဝန်ခံ)၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မူအန်တူငဲတ၊ ဦးနန္ဒာ(မိုင်းကိုးအုပ်စုပါတီ ဥက္ကဋ္ဌ၊ ရုမ်းတိုင်းရင်းသားတာဝန်ခံ)၊ ဦးကျအီ(မိုင်းကိုးအုပ်စုပါတီ ဥက္ကဋ္ဌ၊လားဟူတိုင်းရင်းသားတာဝန်ခံ)၊ ဒေါ်ဘူးဘို(မိုင်းကိုးအုပ်စုပါတီဥက္ကဋ္ဌ၊အာခါတိုင်းရင်းသားတာဝန်ခံ)တို့နှင့်အတူ တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ပါဆန်းကျေးရွာသို့သွားရောက်ပြီး ကျေးရွာသူကြီးချုပ်ဦးဂျော်နီ၊ လက်ထောက်သူကြီးဦးစပါ့နှင့် ရွာသူ/ရွာသား(၁၀၀)ဦးတို့ဖြင့် ကျေးရွာခန်းမတွင် နေ့လည်(၁၁း၃၀)မှ (၁၃း၀၀)အထိ ကွင်းဆင်းတွေ့ဆုံခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ လုပ်ငန်းစဉ်များဆောင်ရွက်

 

လားရှိုး မတ် ၃၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် ဦးတင့်လှိုင်မြင့်သည် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ရုံး၌ ပြည်နယ်၊ လားရှိုးခရိုင်၊ကွမ်းလုံခရိုင်၊လားရှိုး၊ သိန်းနီ၊ တန့်ယန်း၊ မိုင်းရယ်၊ နမ္မတူ၊ ကွမ်းလုံ၊ ဟိုပန်မြို့နယ်တို့မှ ဥက္ကဌ၊ အတွင်းရေးမှူး၊ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တာဝန်ခံ၊ ရုံးအဖွဲ့တို့နှင့် တွေ့ဆုံပြီး လုပ်ငန်းစဉ်များကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ကံမမြို့နယ် ကျေးလက်ပြည်သူများနှင့် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်

 

ကံမ မတ် ၃၁

ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ပါတီဥက္ကဋ္ဌ ဦးတင်ဦး၊ မြို့နယ်ကော်မတီဝင်များနှင့်အတူ ကံမမြို့နယ် စစ္စရံကျေးရွာအုပ်စုနှင့် ပြောင်ကျကျေးရွာတို့တွင် ကျေးလက်နေ ပြည်သူများနှင့်တွေ့ဆုံပြီး ရေနွေးကြမ်းစကားဝိုင်းများ ပြုလုပ်ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာသိကောင်းစရာများနှင့် ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအကြောင်းများ ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။

မန်သဲအုပ်စု ကုန်းကြီး(မန်သဲ)ရွာတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ဖောင်းပြင် မတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး မော် လိုက်ခရိုင် ဖောင်းပြင်မြို့နယ် မန်သဲအုပ်စုကုန်းကြီး(မန်သဲ) ကျေးရွာတွင် ယမန်နေ့ နံနက်၈နာရီက မြို့နယ် ပါတီကော်မတီဝင် ဦးဆန်းဝင်း နေအိမ်၌ ခရိုင်ပါတီကော်မတီဝင် များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များ တက်ရောက်အားပေး ကာ အမွှေးနံ့သာရည်များဖြင့် ပက် ဖျန်း၍ဆိုင်းဘုတ်တင်ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

 

၃၀-၃-၂၀၁၉ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေမှ ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများဖြစ်သည့် အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပက်သက်ပြီး ပါတီရဲ့ရပ်တည်ချက်၊ ရခိုင်ပြည်နယ်အရေးကိစ္စများနဲ့ပက်သက်ပြီး ယနေ့ ၃၀-၃-၂၀၁၉ ရက်နေ့ စနေနေ့ နံနက် ၉း၀၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီရုံးတွင် သတင်းမီဒီယာများဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့ပါသည်။