မကွေး ဇွန် ၁၁
မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သဲတောကျေးရွာ၊ ကျောက်ထပ်ကျေးရွာ၊ ကျောက်လှေခါးကျေးရွာနှင့် ကြီးကံကျေးရွာများသို့ ယမန်နေ့ နံနက်က သွားရောက်၍ ပြည်ခိုင်ဖြိုးပါတီ၏ ရည်မှန်းချက်၊ ရပ်တည်ချက်များ၊ လုပ်ဆောင်ချက်များနှင့် လက်ရှိဖြစ်ပေါ် နေသော နိုင်ငံရေးအခြေအနေများကို ပါတီဝင်များ၊ ပါတီမိတ်ဆွေများနှင့် တွေ့ဆုံ၍ ရေနွေးကြမ်း စကားဝိုင်းကို ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆွေးနွေးဆောင်ရွက် ခဲ့ကြသည်။


