မေတ္တာမွန်ပရဟိတ နာရေးကူညီမှုအသင်း နှစ်ပတ်လည်အခမ်းအနား မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အမှုဆောင်များ တက်ရောက်

 

အောင်လံ မေ ၂၂

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၏ ပရဟိတ ရှေ့ဆောင်ဖြစ်သော ၂ဝဝ၄ ခုနှစ် မေ ၂ရက်က ဦးကျော်သူ (နာ/ကူ ရန်ကုန်) လာရောက်ဖွင့်လှစ် ပေးခဲ့သည့် မေတ္တာမွန် ပရဟိတ နာရေးကူညီမှုအသင်း လက်ရှိ အမှုဆောင်အဖွဲ့သစ် တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ယမန်နေ့ နံနက်၉နာရီက အဆိုပါ အသင်းရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ လက်ဖက်ရည်စကားဝိုင်း ဆောင်ရွက်

 

တနင်္သာရီ မေ ၂၂

တနင်္သာရီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ နံနက် ၈နာရီ မိနစ်၂ဝ က စတင်၍ အရှေ့မော်တုန်း ကျေးရွာအုပ်စု၊ အနောက်မော်တုန်း ကျေးရွာအုပ်စု၊ ဇဝဲကျေးရွာ အုပ်စု၊ ဘန်းလမွတ် ကျေးရွာအုပ်စုတို့တွင် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံကာ လက်ဖက်ရည်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

ဘုရားသန့်ရှင်းရေး ကုသိုလ်စုပေါင်း ဆောင်ရွက်ခြင်းအား ပြည်ထောင်စုနယ်မြေနာယက တက်ရောက်အားပေး

 

လယ်ဝေး မေ ၂၂

ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ်၌ ယမန်နေ့ နံနက် ၇ နာရီ ခွဲမှ ၉ နာရီအထိ လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သမိုင်းဝင်ဖောင်တော်ချက်မ ဘုရားပွဲတော်ရက်အတွင်း စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြု ဆောင်ရွက်ရာသို့ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ နာယက ဦးမျိုးညွန့်နှင့် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်းတို့ တက်ရောက်အားပေး ကုသိုလ်ပြုခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျောက်ချက်အုပ်စုတွင် ပါတီဆိုင်းဘုတ်တင်

 

နေပြည်တော် မေ ၂၂

ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ် ကျောက်ချက်အုပ်စု ကျောက်ချက်ကျေးရွာ ရွာခွဲခေါင်းဆောင် ဦးတင်နိုင်ဦး နေအိမ်၌ ယမန်နေ့ နံနက် ၉ နာရီက ပြည်ခိုင်ဖြိုးပါတီ ကျောက်ချက်အုပ်စု ပါတီရုံး ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဧရာဝတီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ပါတီဝင်များစွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲ တက်ရော%8

 

မအူပင် မေ ၂၁

ဒဂုံမြို့သစ်မြာက်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေနွေးကြမ်းစကားဝိုင်း ကျင်းပ

 

ရန်ကုန်​​ မေ ၂၁

ရန်ကုန်​​တိုင်းဒေသကြီး ဒဂုံမြို့သစ်​မြာက်ပိုင်း​​မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမှတ် (၄၃​) ရပ်ကွက်​ရှိ ရပ်​ကွက်​ပါတီဥက္ကဌ ဦးတင်​ဝင်း​နေအိမ်​၌ ကျင်းပပြုလုပ်​ခဲ့​ကြောင်း သိရသည်​။

အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက် ရေနွေးကြမ်းစကားဝိုင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးမျိုးမြင့် တက်ရောက်

 

မန္တလေး မေ ၂၁

မိုးသက်လေပြင်းကြောင့် နေအိမ်များ ပျက်စီးသွားသည့် ဇီးဖြူကုန်းကျေးရွာသို့ ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သွားရောက် လုပ်အားပေး

 

ကနီ မေ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်း၌ လေပြင်းမုန်တိုင်းတိုက်ခတ်၍ လူနေအိမ်များ အမိုး၊ အကာများ ပျက်စီးခဲ့သော ဇီးဖြူကုန်းကျေးရွာသို့ ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများက နေအိမ်အပျက် အစီးများကို သွားရောက် လုပ်အားပေး ခဲ့ကြသည်။

ဆတ်ရိုးကျဒေသခံများအား သောက်သုံးရေးရရှိရေး စစ်တွေပြည်ခိုင်ဖြိုး ကူညီ

 

စစ်တွေ၊ မေ ၂၁

သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရသော စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်မှ ပြည်သူများ ရေရှိရေးအတွက် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကူညီဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဘိုသံဒိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီလူငယ်ရေးရာအဖွဲ့ဝင်များ၊ ပါတီအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ဆတ်ရိုးကျရပ်ကွက် (အကွက်၂) မှ ပြည်သူများထံသို့ သောက်သုံးရေ ဂါလံ ၁၆၀၀ ဆံ့မီးသတ်ကား နှစ်စီးဖြင့် သွားရောက်လှူဒါန်း ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌ မဲရုံကိုယ်စားလှယ် အကူကိုယ်စားလှယ်များ နည်းပြသင်တန်းဆင်းပွဲ တက်ရောက်

 

ဘားအံ မေ ၂၁

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော မဲရုံကိုယ်စားလှယ်၊ အကူ ကိုယ်စားလှယ်များ နည်းပြသင်တန်း အမှတ်စဉ် (၁/၂ဝ၁၉) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ပြည်နယ်ဒေါန ခန်းမဆောင်၌ ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။