ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီရပ်ကျေးပါတီဆိုင်းဘုတ်တင်

 

မြစ်သား မတ် ၂၅

မြစ်သားမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီရပ်ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက်၉ နာရီက မင်းလယ်ကျေးရွာ ပါတီ ဥက္ကဋ္ဌ ဦးအုန်းရွှေနေအိမ်တွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်ကအမွှေးနံ့သာရည် များဖြင့် ပက် ဖျန်း၍ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်များ အတွေ့အကြုံရှင်း

 

ကျောင်းကုန်း မတ်၂၅

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ကျောင်းကုန်းမြို့နယ် ထန်း တပင်ကျေးရွာအုပ်စု ထန်းတပင် ကျေးရွာတွင် ပြည်သူများနှင့် ကျောင်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ လွှတ်တော်ကိုယ်စားလှယ် များသည် ရပ်မိရပ်ဖများ၊ ပါတီဝင် များနှင့်တွေ့ဆုံ၍လွှတ်တော်အတွေ့ အကြုံများနှင့်ဒေသဆိုင်ရာဖွံ့ဖြိုး ရေးများအားယနေ့တွေ့ဆုံရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

သရက်ချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လက်တွေ့စည်းရုံးရေးမွမ်းမံသင်တန်းဖွင့်

 

သရက်ချောင်း မတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး သရက် ချောင်းမြို့နယ် ပဲဒက်ကျေးရွာအုပ်စု ပဲဒက် စံပြကျေးရွာရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက လက်တွေ့စည်းရုံး ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၃/၂ဝ၁၉) ကို ဖွင့်လှစ်ခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအကြောင်း သိကောင်းစရာ ကျောက်ကြီးမြို့နယ်တွင် ရှင်းလင်းဆွေးနွေး ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး(အရှေ့)တွဲဖက်တာဝန်ခံ တက်ရောက်

 

ကျောက်ကြီး မတ် ၂၅

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ကျောက်ကြီးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ယမန်နေ့ နံနက် ၉နာရီခွဲတွင် မြို့နယ်ပါတီရုံး၌ကျင်းပသော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသိကောင်း စရာဆွေးနွေးပွဲအား ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင် ဦးလှ သိန်းနှင့် တောင်ငူခရိုင်ပါတီဥက္ကဋ္ဌ ဦးတင်စိုး၊ ကျောက်ကြီးမြို့နယ် တာဝန်ခံဦးကျော်ဌေးနှင့် ခရိုင် အတွင်းရေးမှူးတို့တက်ရောက်ခဲ့ကြ ပြီးအဆိုပါဆွေးနွေးပွဲအားကျောက် ကြီးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးလှဘုန်း နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ၄၁ အုပ်စုမှ ပါတီ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲအား နံနက် ၁၁ နာရီခွဲတွင် အောင်မြင်စွာပြီးဆုံးခဲ့ ကြောင်း သိရသည်။

ရေကြည်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်းပြုလုပ်

ရေကြည် မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင်ရေကြည်မြို့နယ်ငါးသိုင်းချောင်း မြို့နယ်ခွဲလက်ပံပင် ကျေးရွာအုပ်စု လက်ပံပင်ကျေးရွာဦးသန့်ဇင်ဦးပါတီ ဥက္ကဋ္ဌအိမ်နှင့် ဂွေးတောက်အုပ်စု မြောက်စမ်းကျေးရွာဦးတင့်အောင် ပါတီဥက္ကဋ္ဌအိမ်တွင် ယမန်နေ့ နံနက် ၉နာရီကပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့်ရေနွေးကြမ်းစကား ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်များကဗုဒ္ဓရုပ်ပွားတော်ဆင်းတုများလှူဒါန်း

 

မိတ္ထီလာ မတ် ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များက ဗုဒ္ဓ သာသနာ အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော် ဆင်းတုအဆူ ၉ဝနှင့်ဘုရားကျောင်းဆောင် တို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

မအူပင် မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁ဝနာရီမှ စတင်၍ မအူပင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အာင်လံ မတ်လ ၂၄ မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲနှင့် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဝင်းအတွင်း၌ ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် တက်ရောက်ခဲ့သည်။အခမ်းအနားကို နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခြင်း၊ အောင်လံမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဆန်းလွင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ ပါတီဝင်သစ်တစ်ဦးမှ စုပေါင်းပါတီဝင်အဆိုပြုလွှာ ၁ဝ၂၁ စောင် အား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆန်းလွင်ထံ သို့ပေးအပ်ခြင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်က ပါတီဝင်အသစ်များ အား ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးစော ဝင်းမောင်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း သိကောင်းစရာများ ရှင်း လင်းဆွေးနွေးခြင်း၊ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်း စသည့်အစီအစဉ်များဖြင့် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်း ရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအလုပ် အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် ကော်မတီဝင်များ၊ အောင်လံမြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးဆန်းလွင်နှင့်အမှုဆောင်များ၊ ပါတီ ဝင်များနှင့်ပါတီဝင်အသစ်များ စုစု ပေါင်းလူအင်အား ၅ဝဝကျော်တက်ရောက် ခဲ့ကြသည်။ ဖိုးကြံ့ခိုင်(အောင်လံ)

 

မြောင်းမြ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မြောင်းမြမြို့နယ် ငါးမြင်းချောင်း ကျေးရွာရှိမီးဘေးသင့် အိမ်ထောင် စု ရှစ်စုထံသို့ ဆန်ရိက္ခာများကို ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ် ထားရှိရာကျေးရွာရှိ သုခိတာရုံဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နေ့လယ် က သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေ သိကောင်းစရာများ ရှင်းလင်းပွဲတက်ရောက်

 

အောင်လံ မတ်လ ၂၄

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဈေးနှုန်းချိုသာစွာဖြင့် ဆန်နှင့် ဆီများရောင်းချပေး

 

ရန်ကုန် မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ တာဝန်ရှိသူများသည် ဒဂုံ တောင်မြို့နယ်နေပြည်သူများ စား ဝတ်နေရေးသက်သာချောင်ချိစေ ရန်ရည်ရွယ်၍ ယမန်နေ့ နံနက်မှစတင် ကာ ဆန်နှင့်ဆီများကို ဈေးနှုန်းချို သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။