ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာပြည်သူများနှင့် တွေ့ဆုံ ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်

 

ပုသိမ်ကြီး ဇွန် ၉

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်တံတိုင်းရှည် ကျေးရွာအုပ်စု နတ်စုကျေးရွာ ဦးဇော်ဝင်း၏ နေအိမ်တွင် ယမန်နေ့ နံနက်က ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံရာသို့ မြို့နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးကျော်မြိုင် (နယ်မြေမှူး)၊ အရန်ပါတီကော်မတီဝင် ဦးမြင့်နိုင်၊ ကျေးရွာပါတီခေါင်းဆောင် ဦးဇော်ဝင်းနှင့် ပါတီကော်မတီဝင်များ၊ ပြည်သူ လူထုများ တက်ရောက်ခဲ့ကြောင်း သိရသည်။  ဦးဝင်းနိုင်က လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ ဆွေးနွေးခဲ့ပြီး ဦးကျော်မြိုင်က ၂ဝ၂ဝ ပါတီအောင်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ပျဉ်းမနား ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် အစည်းအဝေး ကျင်းပ

 

ပျဉ်းမနား ဇွန် ၉

ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနေဖြင့် မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် အစည်း အဝေး (၆/၂ဝ၁၉) ကို ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးဝင်းမြင့်၊ ခရိုင်ကော်မတီဝင် ဒေါ်ဖြူဖြူ ကျော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် လူငယ်ပါတီဝင် သီဟသွေးတို့ စုံလင်စွာ တက်ရောက် ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

တနင်္သာရီ ဇွန် ၉

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉နာရီခွဲက ချောင်းကူးငယ်ရပ်ကွက်ရှိ မြိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြု၍ နိုင်ငံတော်သီချင်း သီဆိုကာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန် အစည်းအဝေး ကျင်းပ

 

ပေါင်းတည် ဇွန် ၉

ပဲခူးတိုင်း (အနောက်) ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် လစဉ်ပုံမှန် အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ ကျင်းပခဲ့သည်။

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည့် မိသားစုများအား သွားရောက်လှူဒါန်း

 

ဒီးမော့ဆို ဇွန် ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး စက်ချုပ်သင်တန်းနှင့် ဂျပန်စကားပြောသင်တန်း ဖွင့်ပွဲ တက်ရောက်

 

ရန်ကုန် ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အခြေခံ၊ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၈)၊ ဂျပန်စာ၊ ဂျပန်စကားပြော သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီက သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ရေကြည်နယ်မြေ (၁) ၁၄ အုပ်စု ပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေး

 

ရေကြည် ဇွန် ၆

ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ရေကြည်နယ်မြေ (၁) အုပ်စု ၁၄ အုပ်စုမှ ပါတီဥက္ကဋ္ဌ များနှင့် ယမန်နေ့ နံနက် ၉ နာရီတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲ ကျင်းပ

 

သီပေါ ဇွန် ၆

ရှမ်း/မြောက် ကျောက်မဲခရိုင် သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပါတီ အဖွဲ့ဝင်များ၏ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက သီပေါမြို့နယ် ပါတီရုံး ခန်းမတွင် ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်အရှေ့ပိုင်း ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရပ်ကွက်နှင့် ကျေးရွာပါတီ ကော်မတီဝင်များ ပုံမှန်အစည်းအဝေး ကျင်းပ

 

ရန်ကုန် ဇွန် ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် မြို့နယ်ပါတီ ကော်မတီသည် ရပ်ကွက်နှင့် ကျေးရွာပါတီ ကော်မတီဝင်များဖြင့် လစဉ်ပုံမှန် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် ပါတီရုံး အစည်းအဝေး ခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၆) မူလတန်းကျောင်းသို့ စားပွဲနှင့် ကုလားထိုင်များ လှူဒါန်း

 

ရန်ကုန်၊ ဇွန် ၆

မင်္ဂလာဒုံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ စမ်းကြီးဝရပ်​ကွက် ရပ်​/​ကျေးပါတီနှင့်​ ပူး​ပေါင်း၍ ရပ်​ကွက်အတွင်းရှိ အမှတ်​(၆) အ​ခြေခံပညာမူလတန်း​ကျောင်းသို့ ​ကျောင်းတွင်းလိုအပ်​လျက်​ရှိ​သော စားပွဲခုံ ၁၀ ခုံနှင့်​ ထိုင်​ခုံ ၄၂ လှူဒါန်းပွဲကို ယမန်နေ့ ၁၀ နာရီအချိန်​က အဆိုပါ​ကျောင်း ရုံးခန်းတွင်း ကျင်းပလှူဒါန်း ခဲ့သည်​။