ရန်ကုန် ဇွန် ၂၃
ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် မိုးဦးရာသီ သွေးလွန်တုပ်ကွေး၊ ဝမ်းပျက် ဝမ်းလျှောနှင့် တခြားမလိုလားအပ်သော ရောဂါဘေးအန္တရာယ်များကို ကာကွယ်ရန် ခရိုင်အတွင်းရှိ မြို့နယ်များသို့ လစဉ်ကွင်းဆင်း၍ ကျန်းမာရေးဗဟုသုတ ဟောပြောခြင်း၊ ဆေးကုသပေးခြင်းများကို ပြုလုပ်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီမှ စတင်၍ အင်းစိန်မြို့နယ် မြို့သစ် (၈) ရပ်ကွက် A.C.E သဲကွင်းပုညကိရိယ ဆွမ်းလောင်း ဓမ္မာရုံတွင် လူနာ ၁၇၅ ဦးအား ညနေ ၅ နာရီအထိ ဒေါက်တာဟန်လင်းထွန်းနှင့် ကျန်းမာရေး သူနာပြုဝန်ထမ်းများ စမ်းသပ် စစ်ဆေးကုသ ပေးခဲ့ကြသည်။
