ကြို့ပင်ကောက် မေ ၂၃
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဦးဝင်းမြင့်စိုး ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲက မြို့ကိုင်းအုပ်စု မြို့ကိုင်းကွက်သစ် ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဋ္ဌ ဦးသန်းဦး နေအိမ်တွင် ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲတွင် ဒေါ်တင့်တင့်ခိုင် အခမ်းအနားမှူးက ဖွင့်လှစ်ကြောင်း ကြေညာပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းနာယက ဦးဝင်းမြင့်စိုးက အဖွင့်စကားများနှင့် ယနေ့ဖြစ်ပေါ်နေသော ပကတိအခြေအနေ အကြောင်းအရာများကို ဆွေးနွေးပြောကြား ခဲ့သည်။