နေပြည်တော် ဧပြီ ၉
ပြည်ထောင်စုနယ်မြေ ပြည် ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၉နာရီ ခွဲမှ မွန်းလွဲ ၁နာရီအထိ ပြည်ထောင်စု နယ်မြေ နေပြည်တော်ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ခဲ့ကြောင်း သိရသည်။
နေပြည်တော် ဧပြီ ၉
ပြည်ထောင်စုနယ်မြေ ပြည် ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၉နာရီ ခွဲမှ မွန်းလွဲ ၁နာရီအထိ ပြည်ထောင်စု နယ်မြေ နေပြည်တော်ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ခဲ့ကြောင်း သိရသည်။
ရန်ကုန် ဧပြီ ၃
ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ) တံတားစီမံကိန်းနှင့် မလွတ်ကင်းသည့် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီး ဘေးရှိ ဆုတောင်းပြည့်အောင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကျန်စစ်သားရပ်ကွက်တွင် မူလပုံစံတူအတိုင်းတည်ထားပြီးစီး၍ ဌာပနာပိတ်သွင်းပူဇော်ပွဲကို ယမန်နေ့ နံနက်၉နာရီက ကျင်းပရာ ဒလ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကျောက်မျက်ရတနာများ လှူဒါန်းခဲ့သည်။
ရန်ကုန် ဧပြီ ၃
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်တွင် တည်ထားပြီးစီး ခဲ့သည့် ဆုတောင်းပြည့် အောင်တော်မူဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဌာပနာသွင်းလှူ ပူဇော်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ရာ ဒလမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ လာရောက်ကြသည့် ဧည့်ပရိသတ်များကို တိုင်းရင်းဆေးဝါးများအသုံးပြု၍ ကျန်းမာ ရေးကူညီစောင့်ရှောက်မှု ကုသိုလ်ပါဝင်ခဲ့ သည်။
မကွေး ဧပြီ ၃
မကွေးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈) ပြင်ဆင်ရေးဆိုင်ရာသိကောင်းစရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးပါတီအစည်းအဝေးခန်းမ၌ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးတက်ရောက်အမှာစကားပြောကြားခဲ့သည်။
၃-၄-၂၀၁၉ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်/ရပ်ကွက်ကျေးရွာပါတီကော်မတီဝင်များလပတ်အစည်းဝေးနှင့်(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းသိကောင်းစရာဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီဥက္ကဌဦးဝင်းမောင်တက်ရောက်ခဲ့သည်။ အခမ်းအနားတွင်တက်ရောက်လာသူများကနိုင်ငံတော်သီချင်းသံပြိုင်သီဆို၍နိုင်ငံတော်အလံအားအလေးပြုခဲ့ပြီး တိုင်းဒေသကြီးပါတီဥက္ကဌဦးဝင်းမောင်ကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌဦးဝင်းကြည်နှင့် စဉ့်ကူးမြို့နယ်ပါတီဥက္ကဌဦးခင်မောင်ဝင်းတို့က ဒေသအခြေအနေများနှင့်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည် ၎င်းနောက်တက်ရောက်လာသည့်မြို့နယ်ပါတီကော်မတီဝင်များနှင့်ရပ်ကွက်ကျေးရွာပါတီဥက္ကဌများ၏တင်ပြချက်များအပေါ်တိုင်းဒေသကြီးပါတီဥက္ကဌဦးဝင်းမောင်မှပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းသိကောင်းစရာဟောပြောပွဲပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးပါတီဥက္ကဌဦးဝင်းမောင် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးတင့်လွင်ဦးနှင့်ဦးကျော်စန်းတို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းသိကောင်းစရာများကိုဆွေးနွေးဟောပြောခဲ့ကြသည်။
ဧပြီလ ၃
ဖြူးမြို့နယ် အုတ်ဖြတ်ရပ်ကွက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို ၃.၄ .၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၎င်းပါတီဆိုင်းဘုတ်တင်ဖွင့်ပွဲ အခမ်းအနားသို့ ဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်မောင်စိုး မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားသို့ မြို့နယ်ကော်မတီဝင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါတီဝင်များ ရပ်မိရပ်ဖများ တက်ရောက် ခဲ့ကြကြောင်းသိရသည်။
ဧပြီလ ၃
(၃.၄.၂၀၁၉)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ဟင်္သာကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ ဦးယဉ်ထွေး၏နေအိမ်၌လည်းကောင်း၊ (၁၀)နာရီအချိန်၌ ပန်းချီကျေးရွာအုပ်စုပါတီအမာခံ ဦးရဲမြင့်အောင်၏နေအိမ်၌လည်းကောင်း ကျေးရွာပါတီဆိုင်ဘုတ်တင်ပွဲအခမ်းအနားများကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ရပ်/ကျေးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားများသို့ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီဝင်(မန္တလေးခရိုင်နယ်မြေတာဝန်ခံ)ဦးမျိုးမြင့်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်(အမျိုးသမီးရေးရာတာဝန်ခံ)ဒေါ်လှလှအေး၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ အမရပူရမြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးအဖွဲ့များ၊ ပါတီအမာခံများတက်ရောက်ခဲ့ကြပါသည်။
ဧပြီလ ၃ ရက် ၊ အင်္ဂပူမြို့နယ် ။
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ယနေ့ နံနက် ၉း၃၀ အချိန်တွင် လူထုဟောပြောနည်း သင်တန်းပြုလုပ်ခဲ့သည်။သင်တန်းသို့ ပါတီဗဟို အလုပ်မှု့ဆောင် နေပြည်တော်ပြည်ထောင်စုနယ်မြေ ဥက္ကဌ ဦးဝေလွင်၊ဟင်္သာတခရိုင် ဥက္ကဌ ဦးညွန့်လှိုင်နှင့်ခရိုင်ပါတီကော်မတီဝင်များ၊ ဟင်္သာတမြို့နယ် ဥက္ကဌနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊လေးမျက်နှာမြို့နယ် ဥက္ကဌ နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊အင်္ဂပူမြို့နယ်ဥက္ကဌ ဦးနေလင်းအောင်၊အတွင်းရေးမှူး၊ဘဏ္ဍာရေးမှူး၊ုမြို့နယ်ပါတီကော်မတီ၊အရံကော်မတီဝင်များနှင့်ရပ်ကွက်နှင်ကျေးရွာ(၈၀)အုပ်စုမှ ဥက္ကဌများ ပါတီဝင် များ တက်ရောက်ခဲ့ကြသည်။
မြန်အောင် ဧပြီ ၂
ပျော်ဘွယ် ဧပြီ ၂
ပျော်ဘွယ်မြို့နယ် မြေနီကုန်း အုပ်စု မြေနီကုန်းရွာနှင့် ညောင်လှ ရွာ၌ သောက်ရေအခက်အခဲဖြစ် ပေါ်နေသဖြင့် ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး ရှေးရေတွင်းဟောင်းကို ပြန်လည် ဆယ်ယူခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ညောင်လှရွာ၌ ပြုလုပ်ခဲ့ ကြသည်။