သောက်သုံးရေး ရှားပါးမှုနှင့်ကြုံတွေ့နေရသော ကျေးရွာအုပ်စုသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း

 

စစ်တွေ၊ ဇွန် ၃

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှာ သောက်သုံးရေး ရှားပါးမှုနှင့် ကြုံတွေ့နေရသဖြင့် ရွာသား များ၏ တောင်းဆိုချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သံတွဲခရိုင်နှင့် မြို့နယ်ပါတီပူးပေါင်းပြီး သောက်သုံးရေများ သွားရောက်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မိသားစုဝင်များ စုပေါင်း၍ ဘိုးဘွားများအား တစ်နေ့တာ အာဟာရဒါန လှူဒါန်း

 

ဝေါ ဇွန် ၃

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီမိသားစုဝင်များ စုပေါင်း ၍ ယမန်နေ့ နံနက် ၉ နာရီက ဝေါမြို့ ဘိုးဘွားရိပ်သာတွင် တစ်နေ့တာ အာဟာရ လှူဒါန်းငွေ ကျပ်တစ်သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ကြို့ပင်ကောက် ဇွန် ၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီ မိနစ် ၃ဝ က ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသာအေးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (၄) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

 

ဇွန်-၃။ မုံရွာ

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၄) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မုံရွာမြို့ တိုင်းပါတီရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက် (၀၉:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသာအေး၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီ နာယကများ ဖြစ်ကြသည့် ဦးသန်းထွန်းအောင်နှင့် ဦးတင်ငွေတို့  တက်ရောက် ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော်၊ ဇွန် ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ ခဲ့သည်။

ရှမ်းအရှေ့ ပြည်ခိုင်ဖြိုးပါတီမှ တောင်သူလယ်သမားများအား ကူညီထာက်ပံ့

 

ဇွန်လ ၂

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ကော်မတီဝင်များ မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် ကော်မတီဝင်များသည် ယမန်နေ့ နေ့လည်ပိုင်းတွင် အမှတ် (၄) ရပ်ကွက်၌ မြို့ပေါ်ရပ်ကွက်ရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။ ထိုသို့တွေဆုံရာတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌက ယနေ့နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးစီးပွားရေး လူမှုရေး တရားဥပဒေစိုးမိုးရေး လုံခြုံရေး ကိစ္စများကို ဆွေးဆွေး၍ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းခမ်းလူးက တောင်သူလယ်သမား ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ကြပါသည်။ ယင်းနောက် တောင်သူလယ်သမားများ လယ်ရေရရှိရေးအတွက် ဆည်ပြုပြင်ရန်နှင့် မြောင်းဆည်ရာတွင် လိုအပ်သောသစ် ဝါးများ ဝယ်ယူရေးအတွက် အဖွဲ့ခေါင်းဆောင်ထံ ရန်ပုံငွေ တစ်သိန်းကျပ် ထောက်ပံ့ပေးအပ် ခဲ့ပါသည်။ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ

မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင်မြို့နယ် ရပ်ကျေးပါတီ ကော်မတီဝင်များ အစည်းအဝေး ကျင်းပ

 

မတ္တရာ ဇွန် ၂

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ မြို့နယ်ပါတီ၏ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်/ ရပ်/ ကျေး ပါတီကော်မတီဝင်များ လပတ်အစည်းအဝေးကို ကျင်းပခဲ့သည်။