ဇွန် ၅
(5-6-2019)ရက်နေ့ နေ့လည် (14:00) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ခရိုင်ပါတီအတွင်းရေးမှူး မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး မြို့နယ်ပါတီ ကော်မတီဝင်များ လူငယ်ရေးရာ တာဝန်ခံနှင့် အဖွဲ့ဝင်များသည် ပါတီ၏ ရှေ့ဆောင်ရွပ်မည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေး ခဲ့သည်။