ရန်ကုန် ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ စီမံမှုဖြင့် ဖြိုးစေတနာ အခမဲ့နယ်လှည့် ဆေးကုသအဖွဲ့သည် သွားလာ ခက်ခဲသည့် ကျေးရွာများသို့ ကွင်းဆင်းကုသပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ် စံပြတံတားချောင်း ကျေးရွာရှိ စံပြသီရိဇေယျာရုံ ဘုန်းတော်ကြီးကျောင်းတိုက် အတွင်း၌ ယမန်နေ့ နံနက်ပိုင်းက ဒေါက်တာ ရီရီဝင်း ဦးဆောင်သော ဆေးကုသအဖွဲ့မှ ဒေသခံများအား အခမဲ့ဆေးကုသရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြသည်။
