ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်

မေ ၁၃၊ ပြည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၄ ခုနှစ်၊ မေလ (၁၁) ရက်နေ့ နေ့လည် ၁၃၀၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြိုနယ်ပါတီရုံးခန်းမတွင် ပြုလုပ်သည့် ပါတီဝင်အသစ် (၂၂၅)ဦး၏ အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.Iskander Azizov အားလက်ခံတွေ့ဆုံ

မေ ၃၊ နေပြည်တော်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏(၈၆)ကြိမ်မြောက် အလုပ်သမားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

 

 

 

 


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်

ဧပြီ ၃၀၊ ပဲခူး

ပြည်သူကိုဗဟိုပြု သော ပါတီစည်းရုံး ရေးဆိုင်ရာကိစ္စရပ်များ ၊ ပါတီစည်းကမ်းထိန်းသိမ်း ရေးဆိုင်ရာကိစ္စရပ်များအားပါတီဒုတိယဥက္ကဌ ဦးလှထွန်းမှ နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ တိုင်း/ခရိုင်/မြို့နယ်ပါတီဝင်များအား တွေ့ဆုံမှာကြား

နေပြည်တော် ဧပြီ ၃၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Alexander Ostrovskiy နှင့် United Russia ပါတီ ဒုတိယဥက္ကဋ္ဌ၏ အကြံပေး Mr.Vitality Solonetskiy အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၌ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူပွဲအခမ်းအနားပြုလုပ်

ဧပြီ ၁၇၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် မိသားစုများ၏ နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်း (၁)ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
ယင်းအခမ်းအနားသို့ ပါတီ​ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်များ၊ ဌာနမှူးများ၊ ဦးစီးရုံးအဖွဲ့ဝင်များ၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ထန်းတောကျောင်းတိုက် ဆရာတော်တို့အမှူးပြုသော ပင့်သံဃာ (၅) ပါး တို့ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွား သရဇ္ဈာယ်တော်မူကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်သူများက တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ ဆိုတဲ့ နှစ်ဟောင်းကာလကိုဖြတ်ကျော်၊ ကုန်ဆုံးစေပြီး ၁၃၈၆ ခုနှစ်၊ နှစ်သစ်ကို စတင်ချဉ်းနင်းဝင်ရောက်တဲ့နေ့ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ၁၃၈၅ ခုနှစ်၊ အတာသင်္ကြန် ရေကစားမဏ္ဍပ် မိသားစုများပျော်ရွှင်စွာ ဆင်နွှဲကြပြီး ပိတ်ပွဲအခမ်းအနားပြုလုပ်

ဧပြီ ၁၆၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် မိသားစုဝင်များ၏ ၁၃၈၅ ခုနှစ်၊ အတာသင်္ကြန်ရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ၁၆-၄-၂၀၂၄ ရက်နေ့ မဟာသင်္ကြန်အတက်နေ့ ညနေပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ပိတ်ပွဲအခမ်းအနားတွင် ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်မှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ဖျော်ဖြေရေးအစီအစဉ်အသီးသီးနှင့်အတူ ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခို သီချင်းဖြင့် အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် အခမ်းအနားဖွင့်ပွဲကျင်းပ