နေပြည်တော် စက်တင်ဘာ ၁၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဉ္စမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး (၂ဝ၁၉) ဒုတိယနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီက နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပခဲ့သည်။
နေပြည်တော် စက်တင်ဘာ ၁၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဉ္စမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး (၂ဝ၁၉) ဒုတိယနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီက နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ဆည် စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှုးကျင်းပသည့် မူးယစ်ဆေးဝါး သုံးစွဲမှုပပျောက်ရေး ဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီက ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
စစ်တွေ စက်တင်ဘာ ၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရခိုင်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့် ပြည်နယ် တာဝန်ရှိသူများသည် စစ်တွေခရိုင် အတွင်းရှိ မြို့နယ်လေးမြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ပြည်နယ် ပါတီရုံးအစည်းအဝေး ခန်းမ၌ တွေ့ဆုံ ခဲ့ကြသည်။
ဇီးကုန်း၊ စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး (အနောက်)၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ရပ်ကွက်ကျေးရွာအချို့တွင် ရေလွှမ်းမိုး မှုကြောင့် မိသားစု တစ်ထောင်ကျော်ခန့် အခက်အခဲများ တွေ့ကြုံရလျက် ရှိပါသည်။
ယနေ့ တော်သလင်းလဆန်း (၅) ရက်နေ့ နံနက် (၅) နာရီအချိန်တွင် တမူးခရိုင်နှင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သံဃာတော် အရှင်သူမြတ်တို့အား အာရုံဆွမ်းနှင့်ဝါဆို သင်္ကန်းများ ဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကို တမူး
ပါတီရုံးရွှေခြင်္သေ့ ခန်းမတွင်ကျင်းပပြုလုပ် ခဲ့သည်။ ထိုလှူဒါန်းပွဲသို့ တမူးခရိုင်ပါတီဥက္ကဌ ဦးခင်မောင်ရွှေနှင့် ခရိုင်၊မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက်ဆပ်ကပ် လှူဒါန်းခဲ့ကြ ပါသည်။ Kyukyu Aye
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့်နှင့် အဖွဲ့သည် ၁၃း၃၀ နာရီအချိန်တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် ပြစ်ဒဏ် (၂) နှစ် ချမှတ်ခြင်းခံရသော ရွှေဘိုခရိုင်ပါတီဥက္ကဌ ဦးစိုးအေး၏ဇနီး ဒေါ်သန်းသန်း ခိုင်အား ဝက်လက်မြို့ရှိ နေအိမ်သို့ သွားရောက်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီးလိုအပ်သည့် ပံ့ပိုးကူညီ ဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ပါသည်။
စက်တင်ဘာ ၂၊ ဝက်လက်
ရန်ကုန် ၊ စက်တင်ဘာ ၊ ၁ ၊
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီဥက္ကဌ ဦးသန်းဌေးသည် ယမန်နေ့ (စက်တင်ဘာ ၁ ရက်) နေ့ နေ့လည်(၁) နာရီအချိန်ခန့်က၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးရုံး အစည်းအဝေး ခန်းမ၌ ပါတီနိုင်ငံရေးကင်းရှင်းသော
မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသားနိုင်ငံရေးအင်အားစု (ယာယီ) တို့နှင့် တွေ့ဆုံပွဲပြုလုပ် ခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁
နိုင်ငံတော်နဲ့လူမျိုးတွေအတွက် ဝိဇ္ဇာဘာသာ ပညာရပ်တွေက အလွန်အင်မတန်မှ အထောက်အကူပြုတဲ့ ဘာသာရပ်တွေ ဖြစ်တာကြောင့် တန်းဖိုးထားပြီးသင်ယူကြဖို့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးမှ တိုက်တွန်းပြောဆို ခဲ့ပါသည်။
ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ကျောက်တန်းမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် မိသားစုများ၏ ပညာရည်ချွန်ဆုပေးပွဲ အဖွင့်မိန့်ခွန်းတွင် တိုက်တွန်းပြောဆိုလိုက်ခြင်း ဖြစ်ပါသည်။