စဥ့်ကူး ဇူလိုင် ၃
စဥ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက် ၁ဝနာရီက မြို့နယ်ပြည်ခိုင်ဖြိုး ပါတီ၏ လစဉ်ပုံမှန်အစည်းအဝေးကို ကျင်းပခဲ့သည်။ အစည်းအဝေးတွင် နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆို ဖွင့်လှစ်ပြီးနောက် တိုင်းဒေသကြီးပါတီ ကော်မတီဝင် ပြင်ဦးလွင်ခရိုင်နယ်မြေ တာဝန်ခံ ဦးတင့်လွင်ဦး၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်ဦးမြတ်သူနှင့် ပြင်ဦးလွင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဝင်းကြည် တို့က အမှာစကားများ အသီးသီးပြောကြား ခဲ့ကြသည်။





