ဝေါ မေ ၂၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် စီမံခန်ခွဲ့မှုသင်တန်း (၁/၂ဝ၁၉) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ အတွင်းရေးမှူး ဦးညီညီမြင့်၊ တိုင်းကော်မတီဝင် ဦးအောင်နိုင်၊ ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်စိုး၊ ခရိုင်ကော်မတီဝင် ဦးကျော်ဇော်နှင့် ကော်မတီဝင်များ၊ ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးမောင်ယု၊ အတွင်းရေးမှူး ဦးသက်တိုးဝင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ သင်တန်းဆရာများ၊ သင်တန်းသား၊ သင်တန်းသူ ၆ဝ တက်ရောက်ခဲ့ကြသည်။