ဇူလိုင် ၎
ယမန်နေ့ (၄.၇.၂၀၁၉) ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်း /ခရိုင်/မြို့နယ်/ရပ်ကွက် ပါတီကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
ဇူလိုင် ၎
ယမန်နေ့ (၄.၇.၂၀၁၉) ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်း /ခရိုင်/မြို့နယ်/ရပ်ကွက် ပါတီကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
ပဲခူး ဇူလိုင် ၅
ဇူလိုင် (၅) ရက်နေ့ မနက် (၁၀) နာရီတွင် ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းပါတီရုံးတွင် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်ဥက္ကဋ္ဌများနှင့် ပုံမှန်အစည်းအဝေး ပြုလုပ်ကျင်းပ ခဲ့ပါသည်။
ထိုအစည်းအဝေးသို့ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစော်မော်ထွန်းနှင့် တိုင်းပါတီကော်မတီများ၊ ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ မြို့နယ်ဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။Wai Linn
စလင်း ဇူလိုင် ၎
မကွေးတိုင်း ဒေသကြီးစလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင်များနှင့် အလှူရှင်ပြည်သူများ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁ဝ နာရီက စလင်းမြို့နယ် ဝမ်းပြည့်ကျေးရွာ မူလတန်းကျောင်း၌ ကျောင်းသုံးစာရေး ကိရိယာများကို သွားရောက်လှူဒါန်း ခဲ့သည်။
ဟင်္သာတ ဇူလိုင် ၎
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်၊ ဟင်္သာတခရိုင် ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်၊ ခရိုင်ပါတီကော်မတီဝင်များ၊ ဟင်္သာတမြို့နယ် ပါတီဥက္ကဋ္ဌ ဦးခင်ဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် မြို့နယ်ပါတီရုံး အစည်း အဝေးခန်းမ၌ ရေနွေးကြမ်းစကားဝိုင်း ကျင်းပခဲ့သည်။
ဇူလိုင် ၄၊ ပျော်ဘွယ်
လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်အစည်းအဝေးများ ရပ်နားထားချိန်တွင် မိမိတို့ရဲ့ မဲဆန္ဒရှင်များ ဆီသို့ အရောက်သွားပြီး အလုပ်အကျွေးပြုကြ ရပါသည်။ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးတို့က ပျော်ဘွယ်မြို့နယ်ရှိ ဒေသခံတွေများ ထံသို့ ကွင်းဆင်းပြီး ဒေသခံမဲဆန္ဒရှင်များ၏ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေ ရရှိရေး၊ စာသင်ကျောင်းများ ကောင်းမွန်းရေးအတွက် ဒေသခံ တွေရဲ့ အသံကို နားထောင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အပြည်ဖြင့် ဆောင်ရွက်ပေးခဲ့ကြ ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအတိုင်ပင်ခံ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် (ငြိမ်း) ဦးသိန်းအောင်၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်၊ တိုင်းကော်မတီဝင် ဦးကျော်ဝင်းနိုင်၊ မြန်အောင် မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်နှင့် ပါတီကော်မတီဝင်များသည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့၊ ဝေဠုဝန်ပရိယတ္တိ စာသင်တိုက်ကြီး၏ ပဓာနနာယက၊ ဝေဋ္ဌုဝန် နိကာယ ဂိုဏ်း၏ သြဝါဒစရိယ၊ သက်တော်(၉၆)နှစ်၊ သိက္ခာတော်(၇၆)ဝါရှိ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တတေဇောဘာသ၏ ဥတုဇရုပ်ကလပ်တော်အား သွားရောက်ဖူးမျှော်ကြည်ညိုပြီး အန္တိမအဂ္ဂိဈာပန အခမ်း အနားအတွက် အလှူတော်ငွေ ၅သိန်းကျပ်နှင့် ဂန္ဓကုဋီတိုက်အတွင်း ကိန်းဝပ်စံပါယ်တော်မူသော ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ဘက်စုံပြုပြင် မွန်းမံရန်အတွက်အလှူတော်ငွေ၁၀ သိန်းပေးအပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
#PWL
ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် အောင်လံဘိုးဘွားရိပ်သာ၌ ယနေ့ (၅.၇.၂၀၁၉) ရက်နေ့တွင် ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်မိသားစုမှ လစဉ်အာဟာရမြတ်ဒါန အလှူတော် ပြုလုပ်ခဲ့သည်။ အဆိုပါ လှူဒါန်းပွဲသို့ အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းကော်မတီဝင် ဦးတင်ဝင်း၊ အတွင်းရေးမှူး၊ ဦးခင်ဆွေတို့ ဦးဆောင်၍ မြို့နယ်ကော်မတီဝင်များ၊ မြို့ပေါ်ရပ်ကွက်ပါတီဝင်များမှ ဘိုးဘွားများနေထိုင်ရာ အဆောင်ပတ်ဝန်းကျင်ရှိ ပေါင်းမြက်ပင်များကို သန့်ရှင်းရေး လုပ်အားပေး စုပေါင်းဆောင်ရွက် ခဲ့ကြ ပါသည်။
၂၀၁၉ ဇူလိုင် ၄ ရက်
ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဒုတိယ (၃) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၉း၃၀) အချိန် ပြည်နယ်ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပပြုလုပ် ပါသည်။ အစည်းအဝေးတွင် ရှမ်းပြည်နယ်ဒုတိယဥက္ကဌ ဦးအောင်သူက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်းက အစည်းအဝေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ပါသည်။
နေပြည်တော် ဇူလိုင် ၃
ဇေယျာသီရိမြို့နယ် ကျွန်းရောင်းအုပ်စု ရွာသစ်ကျေးရွာ မြို့နယ်ပါတီကော်မတီဝင် ဦးစိုးဝင်း နေအိမ်၌ ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ အုပ်စုပါတီရုံး ဆိုင်းဘုတ်တင် ပွဲနှင့်စိုက်ပျိုးရေး နည်းပညာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်း တက်ရောက်အားပေး ခဲ့သည်။
စဥ့်ကူး ဇူလိုင် ၃
စဥ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက် ၁ဝနာရီက မြို့နယ်ပြည်ခိုင်ဖြိုး ပါတီ၏ လစဉ်ပုံမှန်အစည်းအဝေးကို ကျင်းပခဲ့သည်။ အစည်းအဝေးတွင် နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆို ဖွင့်လှစ်ပြီးနောက် တိုင်းဒေသကြီးပါတီ ကော်မတီဝင် ပြင်ဦးလွင်ခရိုင်နယ်မြေ တာဝန်ခံ ဦးတင့်လွင်ဦး၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်ဦးမြတ်သူနှင့် ပြင်ဦးလွင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဝင်းကြည် တို့က အမှာစကားများ အသီးသီးပြောကြား ခဲ့ကြသည်။