ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ COVID-19 ကာကွယ်ထိန်းချုပ်ရေး PPE ဝတ်စုံများ၊(hand sensitizer /hand gel)နှင့် ဆပ်ပြာဆီများ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ပါတီဥက္ကဌ ဦးစိုစိုးထွန်း နှင့် မြို့နယ်ကော်မတီဝင်များသည် ယနေ့ နံနက်(၁၀)နာရီအချိန်၌ ကျောက်ဆည်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးသို့ ကမ္ဘာ တစ်ဝန်းကူးစက်ပျံ့နှံ့ ဖြစ်ပွားလျက်ရှိသော ကမ္ဘာ့ကပ်ရောဂါဆိုး (COVID-19) ရောဂါကုသရေး လုပ်ငန်းများတွင် သုံးစွဲရန်အတွက် ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြု PPE ဝတ်စုံ (၁၀)စုံ၊လက်ဆေးရာတွင် အသုံးပြုမည့် ဆပ်ပြာဆီ 1 လီတာဗူး  (၃၀)၊ ရေမလိုလက်သန့်ဆေးရည် ( hand sensitizer / hand gel ၁၀ ဗူး ) များအား လှူဒါန်းပေးအပ်ရာ ကျောက်ဆည်မြို့နယ် အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးဒေါက်တာ ဝင်းမော် လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြား၍ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။  ကိုတင် kse

မိုးကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအတွက် ကလိုရင်းပိုးသတ်ဆေးဖျန်းခြင်း လုပ်ဆောင်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အထောက်အကူပြုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြို့နယ် အရန်ပါတီကော်မတီဝင်များဖြစ်သည့် မြို့နယ် ပါတီစည်းရုံးရေးနယ်မြေ(၅) တာဝန်ခံ ဦးတင်လှိုင်နှင့် ဦးမောင်မောင်သန်း၊ နမ္မတီးမြို့ မြို့မရပ်ကွက် ပါတီဥက္ကဋ္ဌ ဦးခင်လှိုင်၊ မြတောင်ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ ဒေါ်စန်းစန်းဌေးနှင့် နမ္မတီးဒေသ ဌာနေပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးဝင်းနိုင်ဦးတို့ ပါဝင်သောအဖွဲ့က ယမန်နေ့ ညနေပိုင်းတွင် မြတောင်ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းတိုက်ဝင်းအတွင်း၌ ကလိုရင်း ပိုးသတ် ဆေးဖျန်းခြင်းလုပ်ငန်း  ဆောင်ရွက်ခဲ့ကြသည်။

ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီက အထကကျောင်း ဆရာနှင့်ကျောင်းသားများအတွက် နှာခေါင်းစည်းများလှူဒါန်း

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ၏ စီစဉ်ပေးမှုဖြင့် မြို့နယ် ပါတီကော်မတီဝင်များသည်ယမန် နေ့ နံနက် ၁၁ နာရီက ပျဉ်ပုံကြီးကျေးရွာ အခြေခံပညာအထက် တန်းကျောင်းသို့ သွားရောက်ပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအတွက် နှာခေါင်း စည်းများလှူဒါန်းခဲ့ကြောင်း သိရ သည်။

မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျောင်းရုံးလူနေအိမ်နှင့်ဘာသာရေးအဆောက်အအုံများ တွင် သွေးလွန်တုပ်ကွေး ကာကွယ်ရေးခြင်ဆေးဖျန်းခြင်း ဆောင်ရွက်

သွေးလွန်တုပ်ကွေးရောဂါကြို တင်ကာကွယ်ရေးအတွက် မုဒုံမြို့နယ် ပါတီတာဝန်ခံဦးဇော်မြင့်နှင့် ဦးမင်းအောင်မြင့် တို့၏ ပံ့ပိုးကူညီ ပူးပေါင်းပါဝင်မှုနှင့်အတူ  မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ယနေ့နံနက် ၈ နာရီခွဲမှ စတင်၍ အထကတံခွန်တိုင်ကျေးရွာ၊ အထကညောင်ကုန်းကျေးရွာ၊ မြို့မ (၄)ရပ်ကွက် စာစင်ရပ် အထက (ခွဲ)နှင့်ကုက္ကိုလ်တန်းစာသင်ကျောင်းများကိုလည်းကောင်း၊ မြို့မ(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် လူနေအိမ်များ၊ ဂိုဒေါင်များ၊ မြို့မ(၄) ရပ်ကွက်နှင့် ကျုံဖိုက်ကျေးရွာရှိ လူနေအိမ်များ စုစုပေါင်းအဆောက် အအုံ ၂၅ဝ တော်ကူးကျေးရွာ မဟာသတိပဌာန်ဝိပဿနာရိပ်သာ ကျောင်းတိုက်နှင့် မြို့မ(၂) ရပ်ကွက်နွယ်နီ ဘုန်းတော်ကြီး ကျောင်းများအားလည်းကောင်း  ခြင်ဆေး ပက်ဖျန်းခြင်း လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ထန်းတပင်မြို့နယ်ရှိ ဆရာတော်များထံ မုန့်နှင့် အချိုရည်များ လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး  ဒေါက်တာစန်းစန်းနွယ်သည် ယနေ့နံနက် ၁ဝ နာရီ က ထန်းတပင်မြို့နယ်ရှိ ဆရာတော်များအား မုန့်နှင့် အချိုရည်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်အတွင်းရှိ ကြာအင်းကျေးရွာအုပ်စု အုန်းပင်စုကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်နှင့် ရွှေကြာဗျိုက်ကျေးရွာအုပ်စု သလိပ်ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်တို့အား သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ ထိုသို့သွားရောက်လှူဒါန်းရာတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းရီ၊ တရားလွှတ်တော်ရှေ့နေ ဦးစောဂျက်၊ ကော့ထူးမြို့နယ် ပါတီကော်မတီ ဝင်တို့လိုက်ပါပြီးလှူဒါန်းခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကယ်ရီလုပ်သားများ အား ဆန် ဆီများလှူဒါန်း

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ယနေ့နံနက်ပိုင်းတွင် ဆန် နှင့်ဆီများကို ကယ်ရီလုပ်သား ၄ဝဝ တို့အား ကူညီလှူဒါန်းပေးခဲ့ကြောင်း သိရ သည်။

အဆိုပါလှူဒါန်းရာတွင် ပြည်ခိုင်ဖြိုး ပါတီမဲဆန္ဒနယ်မြေ(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  မန္တလေးတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ မဲဆန္ဒနယ်မြေ(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဖိုးဉာဏ်၊ ပါတီအတွင်းရေးမှူး ဦးချစ်ထွေး၊ မြို့နယ်ပါတီ ကော်မတီဝင်များက သွားရောက်လှူဒါန်း ပေးကြောင်း သိရသည်။

တန့်ယန်းတွင် အထကကျောင်းများအတွက် လိုအပ်သည့်ပစ္စည်းများထောက်ပံ့ လှူဒါန်း

တန့်ယန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန် နှင့် မြို့နယ်ပါတီကော်မတီဝင်တို့သည် တန့်ယန်းမြို့ အထက(၁)နှင့် အထက(၂)ကျောင်းများတွင် ကျောင်းဖွင့် ရာသီအတွက် လိုအပ်လျက်ရှိသော လက်ဆေးကန်၊ အပူချိန်တိုင်းကိရိယာ၊ လက်သန့်ဆေးရည်၊  Mask စသည့် ကျပ်ငါးသိန်းခန့် တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြသည်။


မိုးကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့အကျိုးပြုလုပ်ငန်း စုပေါင်းဆောင်ရွက်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်အရန်ပါတီကော်မတီဝင်များဖြစ်သည့် မြို့နယ် ပါတီစည်းရုံးရေးနယ်မြေ(၃) တွဲဖက် တာဝန်ခံ ဦးသန်းစိုး၊ ဦးငွေရှိန်း၊ ဦးခင်မောင်ခန့်နှင့် ဒေါ်ခင်ပိုတို့ ဦးဆောင်ပါဝင်သော အဖွဲ့သည် ယနေ့နံနက် ပိုင်းတွင် မိုးကောင်းမြို့ ကြာအင်ကျေးရွာအုပ်စု အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဝင်းအတွင်း၌ ချုံနွယ် ပေါင်းမြက်ရှင်းလင်းခြင်း၊ လူသွားလမ်းသဲကျောက်ဖြန့်ခင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပန်းတနော်မြို့ယွန်းစာသင်တိုက်ဆရာတော်အား ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံဦးသန်းထွန်းသည် ယမန်နေ့မွန်းလွဲပိုင်း၌ ပန်းတနော်မြို့နယ် အနောက်ရပ်ရှိယွန်းစာသင်တိုက်၏ သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တ နန္ဒိယအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

သင်္ကန်းဆက်ကပ်ရာသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ မအူပင်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦး၊ ခရိုင်ပါတီကော်မတီဝင်ဦးမင်းအောင်၊ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်း နှင့် မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါခဲ့ကြသည်။  မောင်ခိုင်ဖြိုး(ပန်းတနော်)


မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ တောင်ခွင်ကျေးရွာ ဆရာတော်ကိုဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ကွန်ကရစ် လမ်းအတွက် ဘိလပ်မြေအိတ်များလှူ

မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်ခွင်ကျေးရွာဆရာတော်ကို ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ကွန်ကရစ်လမ်းအတွက် ဘိလပ်မြေ ၁ဝ အိတ်၊ အလှူရှင် တိုင်းဘဏ္ဍာရေးမှူး ဦးကြည်ထွန်း မိသားစုက ဘိလပ်မြေ ၁ဝ အိတ် စုစုပေါင်း ဘိလပ်မြေအိတ် ၂ဝ ကို ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။