
မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် တိုင်းဒေသကြီး ပါတီကော်မတီအဖွဲ့ဝင်များ၏ စီမံမှုဖြင့် ပွင့်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဆန်းထွန်းနှင့် မြို့နယ် ပါတီကော်မတီဝင်များက ယမန်နေ့ မွန်းလွဲ ၁နာရီက ပွင့်ဖြူမြို့နယ် ကနီကျေးရွာ (အထက-ခွဲ) ကျောင်းနှင့်ထိန်အိုင်ကျေးရွာ (အထက-ခွဲ) ကျောင်းသို့ သွားရောက်ပြီး ၂ဝ၂ဝ- ၂ဝ၂၁ ပညာသင်နှစ် ကျောင်းများဖွင့်လှစ်သင်ကြားရာ၌ ဆရာ၊ ဆရာမများနှင့်ကျောင်းသားကျောင်း သူများ COVID-19 ရောဂါအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများ နှင့် ပိုးသတ်ဆေးဖျန်းနိုင်ရန် ပိုးသတ် ဆေးမှုန့်ထုပ်များ ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။




