ထန်းတပင်၊ ဇူလိုင် ၁
ထန်းတပင်၊ ဇူလိုင် ၁
ဇူလိုင် ၁၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ-ဒေါ်စန်းစန်းနွယ်နှင့် ဗဟိုကော်မတီဝင် ဒေါက်တာနေလင်း ရန်ကုန်တိုင်းပါတီ ကော်မတီဝင် ဦးသန်းမြင့်၊ ဦးမိုးဝင်းကျော်၊ ဒေါ်စန်းစန်းဝင်း၊ တိုင်း ကော်မတီဝင်များ ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌဦးတင်ယုနှင့် ခရိုင်ကော်မတီဝင်များ ထန်းတပင်မျြို့နယ် ပြည်ခိုငိဖြိုး ပါတီဥက္ကဋ္ဌ ဦးသိန်းရီနှင့် မြို့နယ်ကော်မတီဝင်များ ထန်းတပင်မြို့နယ် ရေဖြူကျေးရွာအုပ်စု ညောင်သုံးပင် ကျေးရွာဘုန်းတော်ကြီး ကျောင်းတွင် ယမန်နေ့ နံနက် (၈) နာရီအချိန် အမျိုးသမီးနှင့် လူငယ် စကားဝိုင်း ကျင်ပးကြောင်း သိရသည်။
ကျိုက်ထို၊ ဇွန် ၃၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ဗဟို အလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ပြည်နယ်ပါတီ အတွင်းရေးမှူ ဦးဝင်းမော်ဦး၊ ပြည်နယ်ပါတီကော်မတီဝင်များ သထုံခရိုင် ပါတီဥက္ကဌနှင့် ခရိုင်ပါတီကော်မတီဝင်များ တက်ရောက်ချီးမြှင့် ခဲ့ကြသည်။
နေပြည်တော် ဇွန် ၃ဝ
နေပြည်တော် ဇေယျာသီရိမြို့ ကျောက်ချက်ကျေးရွာ၊ ဓမ္မသုခ လယ်ပြင်ကျောင်းတိုက်၌ ကျင်းပသော ၂ဝ၁၇/ ၂ဝ၁၈ ဓမ္မစကူးလ် ဆုရကျောင်းသားများ ဆုချီးမြှင့်ပွဲ နှင့် ၂ဝ၁၈/၂ဝ၁၉ ဓမ္မစကူးလ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါ ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦး ဇွန် ၃ဝ
ညောင်ဦးမြို့ အမှတ် (၅) ရပ်ကွက် ရပ်ကွက်စည်းရုံးရေးဥက္ကဋ္ဌ ဒေါ်ရီရီဌေး နေအိမ်တွင်လည်းကောင်း၊ အမှတ် ၆ ရပ်ကွက် အောင်မြေသာရပ်ရှိ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီ စည်းရုံးရေးဥက္ကဋ္ဌ ဦးကြည် နေအိမ်တွင် လည်းကောင်း၊ တစ်ရက်တည်းနှင့် ရပ်ကွက်နှစ်ခုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်နှစ်ခု စိုက်ထူပေးခဲ့ကြောင်း သိရသည်။
ကလေး ဇွန် ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့ပေါ်ရပ်ကွက် ရပ်ကျေးဆိုင်း ဘုတ်တင်ရန် ကျန်ရှိနေသော တောင်ဇလပ်ရပ်ကွက် ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးအဲမောင်နေအိမ်တွင် ယမန်နေ့ နံနက် ၈နာရီခွဲက ပါတီဆိုင်းဘုတ်အား ခရိုင်ပါတီဝင်များနှင့် မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း၊ မြို့နယ်ပါတီ ကော်မတီဝင်များက ဆိုင်းဘုတ်စိုက်ထူပြီး ရပ်ကျေးပါတီဝင်များနှင့် ရေနွေးကြမ်းစကားဝိုင် ပြုလုပ်ခဲ့သည်။
မိုးကောင်း။ဇွန်လိုင် ၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံး ခန်းမ၌ ကျင်းပပြုလုပ်သော လပတ်လုပ်ငန်းညှိနိုင်း တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။
မိုးကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ် ကော်မတီဝင်များ မြို့နယ်အရံကော်မတီဝင်များ ရပ်ကျေး ပါတီးစည်းရုံးရေးမှူး ဥက္ကဌများ ပါတီဝင်များနှင့် အင်အား (၅၀) ဦးဖြင့် လပတ်လုပ်ငန်းညှိနိုင်း အစည်းအဝေး အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
တိုက်ကြီး_ ဇွန် ၃၀
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ-ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင် အလင်းရောင် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ-ဦးနေလင်းနှင့် တိုင်းကော်မတီဝင်များသည် ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍
အထူးကု ဆရာဝန်များ ပါဝင်သော ဆေးအဖွဲ့ဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်၊ ကတိုင်စိန် ကျေးရွာသို့ သွားရောက်ကာ ၎င်းကျေးရွာနှင့် ဆက်စပ်လျက်ရှိသည့် ကျေးရွာများမှ ကျန်းမာရေးချို့တဲ့သူ မိဘပြည်သူများကို ကတိုင်စိန်ကျေးရွာ၊ အေးချမ်းအောင်မြေ ကျောင်းတိုက်အတွင်း၌ အခမဲ့ကျန်းမာရေး ကူညီေ စာင့်ရှောက် နေမှုအား ကြည့်ရှု့ အားပေးသည်။
ဇူလိုင် ၁၊ ကံမ
ပြည်သူ့ကျန်းမာရေး အထူးကုဆရာဝန်ကြီးများ ပါဝင်သော နယ်လှည့်ဆေးကုသရေး အဖွဲ့ဖြင့် နိုင်ငံအဝှမ်း လှည့်လည်ပြီး အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဇူလိုင်လ (၁) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် တတိယနေ့အဖြစ် ယွန်းကျောင်းပရိယတ္တိ စာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များအား ကျန်းမာရေးဆေးစစ်မှုများအဖြစ် သွေးတိုး၊ ဆီးချို၊ နှလုံး နှင့် အခြားရောဂါဝေဒနာများ စစ်ဆေးကုသမှုများ၊ ဆေးဝါးပစ္စည်းများ လှူဒါန်းခြင်းတို့အား ပြုလုပ်ခဲ့ပါသည်။
ပြည်သူ့ကျန်းမာရေး အထူးကုဆရာဝန်ကြီးများ ပါဝင်သော နယ်လှည့်ဆေးကုသရေး အဖွဲ့ဖြင့် နိုင်ငံအဝှမ်း လှည့်လည်ပြီး အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဇွန်လ (၃၀) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ တောင်စကိုင်းကျေးရွာတွင် ကုသပေးလျက်ရှိရာ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်ဇနီး ဒေါ်ခင်မျိုးဌေးတို့ ကိုယ်တိုင်လာရောက် အားပေး ခဲ့ကြသည်။