စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ပြည်ခိုင်ဖြိုးပါတီမှ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း

 

ယ​နေ့ တော်သလင်းလဆန်း (၅) ရက်နေ့ နံနက် (၅) နာရီအချိန်တွင် တမူးခရိုင်​နှင့်​မြို့နယ်​ ပြည်ခိုင်ဖြိုးပါတီမှ သံဃာတော် အရှင်သူမြတ်တို့အား အာရုံဆွမ်းနှင့်​ဝါဆို သင်္ကန်းများ ဆပ်​ကပ်​လှူဒါန်းခြင်း အခမ်းအနားကို တမူး
ပါတီရုံး​ရွှေခြ​င်္သေ့ ခန်းမတွင်​ကျင်းပပြုလုပ်​ ခဲ့သည်​။ ထိုလှူဒါန်းပွဲသို့ တမူးခရိုင်​ပါတီဥက္ကဌ ဦးခင်​​မောင်​​ရွှေနှင့်​ ခရိုင်​၊မြို့နယ်​ပါတီ​ ကော်​မတီဝင်​များ တက်​​ရောက်​ဆပ်​ကပ်​ လှူဒါန်းခဲ့ကြ ပါသည်​။ Kyukyu Aye

ပုဒ်မ ၅၀၅(ခ) ဖြင့် ပြစ်ဒဏ် (၂) နှစ်ချမှတ်ခြင်းခံရသော ရွှေဘိုခရိုင်ဥက္ကဌ၏ ဇနီးအားသွားရောက် တွေ့ဆုံအားပေး

 

ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​​ထွေး၊ ဗဟိုအတွင်း​ရေးမှူး ​ဒေါက်​တာ​ဒေါ်စန်းစန်းနွယ်​၊ စစ်ကိုင်းတိုင်း ဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း  ဗဟို​ကော်​မတီဝင်​​ ဒေါ်ခင်​​ရွှေမြင့်​နှင့် အဖွဲ့သည် ၁၃း၃၀ နာရီအချိန်တွင် ပုဒ်​မ ၅၀၅ (ခ) ဖြင့်​ ပြစ်​ဒဏ် ​(၂) နှစ်​ ချမှတ်​ခြင်းခံရ​သော​ ရွှေဘိုခရိုင်​ပါတီဥက္ကဌ ဦးစိုး​အေး၏ဇနီး​ ​ဒေါ်သန်းသန်း ခိုင်အား​ ဝက်​လက်​မြို့ရှိ​ နေအိမ်​သို့ သွား​ရောက်​​တွေ့ဆုံ၍ အား​ပေးစကား​များ ​ပြောကြားပြီးလိုအပ်သည့် ပံ့ပိုးကူညီ ဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးများ ဖြစ်သည့် ဦးပိုက်ထွေး၊ ဒေါက်တာဒေါ်စန်းစန်းနွယ်တို့မှ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံအားပေး

 

စက်​တင်​ဘာ ၂၊ ​ဝက်​လက်

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီဥက္ကဌ ဦးသန်းဌေး အမျိုးသားနိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံ

 

ရန်ကုန် ၊ စက်တင်ဘာ ၊ ၁ ၊

ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်​ဖွံဖြိုး​ရေး ပါတီဥက္ကဌ ဦးသန်း​ဌေးသည်​ ယ​မန်နေ့ (စက်​တင်​ဘာ ၁ ရက်) ​နေ့ ​နေ့လည်​(၁) နာရီအချိန်​ခန့်​က၊ ရန်​ကုန်​တိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးရုံး အစည်းအ​ဝေး ခန်းမ၌ ပါတီနိုင်​ငံ​ရေးကင်းရှင်း​သော
မြန်​မာနိုင်​ငံလုံးဆိုင်​ရာအမျိုးသားနိုင်​ငံ​ရေးအင်​အားစု (ယာယီ) တို့နှင့်​​ တွေ့ဆုံပွဲပြုလုပ်​ ခဲ့သည်​။

တိုင်းပြည်အတွက် ဝိဇ္ဇာဘာသာတွေကိုလည်း တန်းဖိုးထားသင်ယူကြဖို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ တိုက်တွန်း

 

ရန်ကုန်၊ စက်တင်ဘာ ၁

နိုင်ငံတော်နဲ့လူမျိုးတွေအတွက် ဝိဇ္ဇာဘာသာ ပညာရပ်တွေက အလွန်အင်မတန်မှ အထောက်အကူပြုတဲ့ ဘာသာရပ်တွေ ဖြစ်တာကြောင့် တန်းဖိုးထားပြီးသင်ယူကြဖို့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးမှ တိုက်တွန်းပြောဆို ခဲ့ပါသည်။

ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ကျောက်တန်းမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် မိသားစုများ၏ ပညာရည်ချွန်ဆုပေးပွဲ အဖွင့်မိန့်ခွန်းတွင် တိုက်တွန်းပြောဆိုလိုက်ခြင်း ဖြစ်ပါသည်။

Union Solidarity and Development Party Appeal for two myanmar migrant workers


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးမှ မြန်မာရွှေ့ပြောင်းလုပ်သား ဒုက္ခသည်နှစ်ဦးအတွက် ထိုင်းဝန်ကြီးချုပ်ထံသို့ ပေးပို့သည့် မေတ္တာရပ်ခံချက် ၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလ ၁ ရက်


စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနှင့် မုံရွာခရိုင်၊ (၄) မြို့နယ်ပါတီ ကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

 

သြဂုတ်-၂၈၊ မုံရွာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ရပ်ကျေးဥက္ကဋ္ဌများ စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲ တက်ရောက်

 

လွိုင်ကော် သြဂုတ် ၂၇

ကယားပြည်နယ် လွိုင်ကော်ခရိုင် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမဆောင်တွင် ယမန်နေ့ နံနက် ၈ နာရီက ပြည်ခိုင်ဖြိုးပါတီဝင် ရပ်ကွက်ကျေးရွာ ပါတီဥက္ကဋ္ဌများအား စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုး ရယ်အောင်သိန်း တက်ရောက်ခဲ့ကြောင်း သိရသည်။အခမ်းအနားကို နိုင်ငံတော် အလံအားအလေးပြုပြီး နိုင်ငံတော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ကယားပြည်နယ်ပါတီဥက္ကဋ္ဌ လွိုင်ကော်ခရိုင်နှင့် မြို့နယ်ပါတီတာဝန်ရှိသူများ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်

 

လွိုင်ကော် သြဂုတ် ၂၇

လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး တွင် ယမန်နေ့ နံနက် ၉ နာရီခွဲမှ ၁ဝနာရီခွဲ အထိ ကယားပြည်နယ် ပြည်ခိုင်ဖြိုး ပါတီလွိုင်ကော်ခရိုင်နှင့် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် ရုံးဝန်ထမ်းများ တွေ့ဆုံပွဲ ကျင်းပရာ ပါတီဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း တက်ရောက်ခဲ့သည်။