
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပန်းပြင်စု ကျေးရွာ Quarantine ဝင်ရောက်နေသော နေရပ်ပြန်များကို ယမန်နေ့ နံနက်ပိုင်းက လိုအပ်သောပစ္စည်းများကို စလင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များက သွားရောက်လှူဒါန်းခဲ့ကြသည်။
စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝင်းမြိုင်၏ လမ်းညွန်မှုအရ အတွင်းရေးမှူး ဦးဇော်နိုင်၊ မြို့နယ် ပါတီကော်မတီဝင်ဦးဝင်းခိုင်၊ ဦးဌေးအောင်နှင့်ကျေးရွာ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးကျော်သောင်း တို့ပါဝင်ပြီး ရွှေကူကျေးရွာအုပ်စု ပန်းပြင်ကျေးရွာ၌ Quarantineဝင်ရောက်သေူများကို ရေသန့်ဘူးများ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ နှာခေါင်းစည်းများကို လှူဒါန်းခဲ့ကြပြီး ပိုးသတ်ဆေးများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်