ဒဂုံတောင်တွင် လူငယ်နှင့် အမျိုးသမီးလှုပ်ရှားမှု ပြုလုပ် တိုင်းပါတီနာယကမှ ခြင်ဆေးဖျန်းစက် တစ်လုံးတန်ဖိုး လှူဒါန်း

 

ဒဂုံတောင် သြဂုတ် ၂၆

ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်သော စည်းရုံးမှုစွမ်းရည်မြှင့် သင်တန်းအား ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ရွှေမင်း တက်ရောက်အမှာစကား ပြောကြား

 

ငဖဲ ၊ သြဂုတ် ၂၆

ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်သော စည်းရုံးမှုစွမ်းရည်မြှင့် သင်တန်းအား ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ရွှေမင်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆွေးနွေးပွဲ တက်ရောက်

 

ဝမ်းတွင်း သြဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ပါတီတာဝန်ရှိသူများက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရှေ့လုပ်ငန်း စဉ်နှင့် လမ်းညွှန်မှုများမှာကြား ခဲ့ကြကြောင်း သိရသည်။

မဲဆန္ဒရှင်တွေနဲ့ သွားရောက်တွေ့ဆုံ

 

သြဂုတ် ၂၅၊ ပျော်ဘွယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ်ရှိ ကံတွင်းကျေးရွာနှင့် ဇီးပင်ပေါက် ကျေးရွာမှာရှိတဲ့ မဲဆန္ဒရှင် ပြည်သူများအား ၂၅-၈-၂၀၁၉ ရက်နေ့တွင် သွားရောက်တွေ့ဆုံ ခဲ့ပါသည်။

ကျေးရွာရှိ ပြည်သူများကလည်း လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးရရှိရေး၊ ကျေးရွာချင်းဆက် လမ်းရရှိရေး၊ စာသင် ကျောင်းဆောင် ရရှိရေးများကို တင်ပြခဲ့ကြပြီး လွှတ်တော်အတွေ့အကြုံတွေ ပြန်လည်ရှင်းလင်း ပြခဲ့သလို လွှတ်တော်အတွင်း လျှပ်စစ်မီး ရရှိရေးအတွက် ဆောင်ရွက်ချက်များကိုလည်း မဲဆန္ဒရှင်များနှင့် ပြန်လည် ဆွေးနွေး ခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံ

 

ဩဂုတ် ၂၃၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ၂၃-၈-၂၀၁၉ ရက်နေ့တွင် ရန်ကုန်မြို့ သံလွင်လမ်းတွင်ရှိသော ပြည်ခိုင်ဖြိုးပါတီဌာနချုပ် (ရုံးခွဲ) တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E Mr. Chen Hai ၊ တရုတ်သံမှူး Ms. Yang Chengcheng နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံ ပြည်သူ အချင်းချင်း၊ ပါတီအချင်းချင်း ပူပေါင်းဆောင်ရွက်ရေး ကိစ္စများကို ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးခဲ့ကြပါသည်။

ကြာပိုင်ဓမ္မစကူးလ်ကျောင်းရှိ ကျောင်းသားကျောင်းသူ ၂ဝဝ ကျော်အား တိုင်းခရိုင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နံနက်စာ အာဟာရဒါနပြု

 

မုံရွာ သြဂုတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကြာပိုင်ကျေးရွာ စိတ္တသုခကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားပေးလျက် ရှိသော ဓမ္မစကူးလ်ကျောင်း၌ ကျောင်းသားကျောင်းသူ ၂၃၄ ဦးအား ယမန်နေ့ နံနက်ပိုင်းက တိုင်း/ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နံနက်စာအာဟာရ ဒါနပြုခဲ့ကြောင်း သိရသည်။ ကြာပိုင်ကျေးရွာ စိတ္တသုခကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသော ဓမ္မစကူးလ်ကျောင်း၌ ကျောင်းသားကျောင်းသူ ၂၃၄ ဦးအား နံနက်စာအာဟာရ ဒါနပြုပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးခရိုင် ကော်မတီဝင်များ၊ မုံရွာခရိုင်ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်နှင့်ပါတီကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီက ကျေးလက်နေပြည်သူများအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိ

 

နေပြည်တော် သြဂုတ် ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အခမဲ့နယ်လှည့်ဆေး ကုသရေးအဖွဲ့မှ ကျေးလက်နေ ပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လိုက်လံကုသဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် သရက်တောအုပ်စု ပိုးစာတောကျေးရွာ ဦးကျော်ခင်နေအိမ် (ရပ်/ကျေးပါတီရုံး) ၌ ကျေးလက်နေပြည်သူ ၁၆၃ ဦးအား အခမဲ့ဆေးဝါးကုသပေးခြင်းများ ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။ အလားတူ ယခင်ရက်များကလည်း မိုးစွေအုပ်စုနှင့် ဘုရားတောင်အုပ်စုမှ ပြည်သူလူထု ၂၉၅ ဦး၊ ယနေ့ ၁၆၃ ဦး၊ ဥတ္တရသီရိမြို့နယ်အတွင်း စုစုပေါင်း ၄၁၈ ဦးတို့အား အခမဲ့ဆေးဝါးကုသ ပေးနိုင်ခဲ့သည်။

၂၁ ရာစု STEM ပညာရေးမိတ်ဆက်ပွဲ ပျော်ဘွယ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်

 

ပျော်ဘွယ်၊ သြဂုတ် ၂၂

Myanmar Robotic ၂၁ ရာစု STEM ပညာရေးမိတ်ပွဲ အခမ်းအနားသို့ ပျော်ဘွယ်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးတင်စိုးနှင့် ဦးမြင့်စိုးတို့ တက်ရောက်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး သဲဖြူကုန်းကျေးရွာ သဘာဝဘေးသင့် ပြည်သူများအတွက် အလှူငွေများ ထောက်ပံ့လှူဒါန်း

 

ပေါင်၊ သြဂုတ် ၂၂

မွန်ပြည်နယ်သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟို အလုပ်အမှုဆောင်များသည် မိုးရွာသွန်းမှု များပြားခြင်းကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သော ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာရှိ မြေပြိုကျခဲ့သည့် နေရာအား ကြည့်ရှု့ပြီး ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပသည့် သဘာဝဘေးသင့် ပြည်သူများအတွက် အလှူငွေလှူဒါန်းပွဲ၌ ပါတီဗဟိုမှ ပေးအပ်သည့် အလှူငွေကျပ် သိန်းသုံးဆယ်အား လူမှုရေးအသင်းအဖွဲ့များထံ လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့သည်။