Union Solidarity and Development Party Appeal for two myanmar migrant workers


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးမှ မြန်မာရွှေ့ပြောင်းလုပ်သား ဒုက္ခသည်နှစ်ဦးအတွက် ထိုင်းဝန်ကြီးချုပ်ထံသို့ ပေးပို့သည့် မေတ္တာရပ်ခံချက် ၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလ ၁ ရက်


စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနှင့် မုံရွာခရိုင်၊ (၄) မြို့နယ်ပါတီ ကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

 

သြဂုတ်-၂၈၊ မုံရွာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ရပ်ကျေးဥက္ကဋ္ဌများ စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲ တက်ရောက်

 

လွိုင်ကော် သြဂုတ် ၂၇

ကယားပြည်နယ် လွိုင်ကော်ခရိုင် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမဆောင်တွင် ယမန်နေ့ နံနက် ၈ နာရီက ပြည်ခိုင်ဖြိုးပါတီဝင် ရပ်ကွက်ကျေးရွာ ပါတီဥက္ကဋ္ဌများအား စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုး ရယ်အောင်သိန်း တက်ရောက်ခဲ့ကြောင်း သိရသည်။အခမ်းအနားကို နိုင်ငံတော် အလံအားအလေးပြုပြီး နိုင်ငံတော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ကယားပြည်နယ်ပါတီဥက္ကဋ္ဌ လွိုင်ကော်ခရိုင်နှင့် မြို့နယ်ပါတီတာဝန်ရှိသူများ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်

 

လွိုင်ကော် သြဂုတ် ၂၇

လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး တွင် ယမန်နေ့ နံနက် ၉ နာရီခွဲမှ ၁ဝနာရီခွဲ အထိ ကယားပြည်နယ် ပြည်ခိုင်ဖြိုး ပါတီလွိုင်ကော်ခရိုင်နှင့် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် ရုံးဝန်ထမ်းများ တွေ့ဆုံပွဲ ကျင်းပရာ ပါတီဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း တက်ရောက်ခဲ့သည်။

ပညာရည်ပြည့်ဝသော ကိုယ်ခံအားကောင်းသည့် နိုင်ငံရေးခေါင်းဆောင်များ နိုင်ငံကို အုပ်ချုပ်ရန် လိုအပ်

 

ကန်ကြီးထောင့်၊ သြဂုတ် ၂၇။

ပညာရည်ပြည့်ဝသော ကိုယ်ခံအားကောင်းသည့် နိုင်ငံရေးခေါင်းဆောင်များ နိုင်ငံကိုအုပ်ချုပ်ရန် လိုအပ်ဟု ဗဟို လူငယ်ရေးရာကော်မတီဝင် ဒေါ်ကျော့ယဉ်ဝင်းက ယမန်နေ့ ကျင်းပသည့် ဧရာဝတီတိုင်ဒေသကြီး ကန်ကြီးထောင့် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံး၌ ပြုလုပ်သော မြို့နယ် (၁၁) မြို့နယ်မှ လူငယ်များနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပျော်ဘွယ်မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်ပြီး ဝတ်ရွတ်ပြိုင်ပွဲ ပြုလုပ်မည်

 

ပျော်ဘွယ်၊ သြဂုတ် ၂၇

ပျော်ဘွယ်မြို့နယ်တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ ပျော်ဘွယ်မြို့နယ် သာသနာနုဂ္ဂဟအသင်း ပူပေါင်းပြီး ဝတ်ရွတ်ပြိုင်ပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး ပျော်ဘွယ်မြို့နယ် ကျေးရွာအုပ်စု ၈၄ စုမှာ ရှိတဲ့ ကျေးရွာတွေ၊ ပျော်ဘွယ်မြို့ပေါ်ရှိ ရပ်ကွက် ၁၀ ခုက ဝတ်ရွတ်အသင်းတွေနဲ့ ကျောင်းသူကျောင်းသားတွေက ဝတ်ရွက်ပြိုင်ကြမှာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားခဲ့ပါသည်။

မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းဆိုင်ရာ အစည်းအဝေး ကျင်းပ

 

မုံရွာ သြဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ ခရိုင်ရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ခရိုင်ပါတီ ကော်မတီနှင့် မြို့နယ်ဥက္ကဋ္ဌများ ပါတီလုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုများ အစည်းအဝေးကျင်းပခဲ့ကြောင်း သိရ သည်။ ယင်းအစည်းအဝေးတွင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးက ပါတီလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက် ထားရှိမှုများကို သုံးသပ်ဆွေးနွေးပေးပြီး ရှေ့ဆက်လက် ဆောင်ရွက်ကြရမည့် လုပ်ငန်းတာဝန်များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးကြ စေချင်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသော မြို့နယ်ပါတီ ဥက္ကဋ္ဌများကလည်း မိမိတို့ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြ ဆွေးနွေးပြီး ရှေ့ဆက်လက်ဆောင်ရွက် သွားကြမည့် လုပ်ငန်းစဉ်များကို အသီးသီး တင်ပြဆွေးနွေး ကြသည်။

ပေါင်းတည်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ဆပ်ပြာရည် ပြုလုပ်နည်းများ ပြသ

 

ပဲခူးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်ထားထားနု၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးတို့ ဦးဆောင်လိုက်ပါ၍ ပြည်ခရိုင် ပေါင်းတည်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့သည် ဇီးပင်လှအုပ်စု ကျောက်တန်းကျေးရွာတွင် ဆိုင်းဘုတ်အသစ် ပြန်လည်စိုက်ထူခြင်း နှင့်ဒေသခံအမျိုးသမီးများ၊ ပြည်သူများနှင့် ဆွေးနွေးပွဲပြုလုပ်ကာ အိမ်ရှင်မများအား အသုံးချဆပ်ပြာ ရည်လုပ်နည်း သင်တန်းပို့ချပေးပြီး လက်ရှိဖြစ်ပေါ်နေသော စီးပွားရေ၊ နိုင်ငံရေး၊ လူမှုရေးအခြေအနေများကို အပြန်အလှန် ဆွေးနွေးဖလှယ် ခဲ့ကြကြောင်း သိရသည်။ ဟန်ဝင်းရွှေ(ပေါင်းတည်)