ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ လူငယ်နှင့် အနာဂတ်နိုင်ငံတော် ခေါင်းစဉ်ဖြင့် လူငယ်တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး

 

ရန်ကုန် စက်တင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည့် လူငယ်နှင့်အနာဂတ် နိုင်ငံတော်ခေါင်းစဉ်ဖြင့် လူငယ်တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။ ဦးစွာတွေ့ဆုံ ဆွေးနွေးရခြင်းနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးခင်ရီ၊ ဦးမြင့်စိုးနှင့် ဦးခင်မောင်စိုးတို့က ရှင်းလင်းတင်ပြခဲ့ ပြီးတက်ရောက်လာသည့် လူငယ်များက လက်ရှိဖြစ်ပေါ်နေသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ သော်လည်းကောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုများနှင့် ပတ်သက်၍ သော်လည်းကောင်း၊ ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ သော်လည်းကောင်း၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ သော်လည်းကောင်း၊ လျှပ်စစ်မီတာခ ဈေးမြင့်တက်မှုစသည့် မေးခွန်းများကို မေးမြန်း ခဲ့ကြသည်။

ရုပ်ရှင်လောကသား အလွှာခုနှစ်ခုမှ အဖွဲ့အစည်းများအား ပြည်ခိုင်ဖြိုးပါတီက အလှူငွေများ ပေးအပ်လှူဒါန်းခြင်း

 

ရန်ကုန်၊ စက်တင်ဘာ ၂၂

ရုပ်ရှင်အနုပညာလောကသားများ ဖွဲ့စည်ထားတဲ့ အလွှာခုနှစ်ခုက သာရေးနာရေး အသင်းများအား အလှူငွေ ပေးအပ်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဥက္ကဌ ဦးသန်းဌေးနှင့် ပါတီဗဟို အလုပ်အမှုဆောင်များ၊ ပါတီဗဟိုကော်မတီဝင်များ တက်ရောက်ချီးမြှင့် ခဲ့ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ကျောသားရင်သားမခွဲခြားဘဲ အမှန်တကယ် ဘေးဒုက္ခကြုံတွေ့ နေသူများထံသို့ သွားရောက်ပံ့ပိုး ကူညီလျက်ရှိ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်း ဒေသကြီး (အရှေ့) တွဲဖက်တာဝန်ခံ ဦးလှသိန်းတို့သည် ယမန်နေ့ နံနက် ၉ နာရီက ဖြူးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးတွင် ဖြူးမြို့နယ်နှင့် ကျောက်ကြီး မြို့နယ်များမှ ပါတီဝင်များအား တွေ့ဆုံခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများ လူငယ်နှင့်အနာဂတ်နိုင်ငံတော် လူငယ်တွေ့ဆုံပွဲသို့ တက်ရောက် အရင်လူလုပ်တာ ဆက်မလုပ်နဲ့ ဖျက်ဆိုရင် တိုင်းပြည်ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူးဟုဆို

 

ရန်ကုန် စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး  ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည့် လူငယ်နှင့်အနာဂတ်နိုင်ငံတော် ခေါင်းစဉ်ဖြင့် လူငယ်တွေ့ဆုံ ဆွေးနွေးပွဲသို့ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့ တက်ရောက်ခဲ့သည်။

ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဦးဆောင်ပြီး ဝတ်ရွတ်ပြိုင်ပွဲ ကျင်းပ

 

ပျော်ဘွယ်၊ စက်တင်ဘာ ၂၀

ပျော်ဘွယ်မြို့နယ်မှာ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ပျော်ဘွယ်မြို့နယ် သာသနာနုဂ္ဂဟအသင်းတို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ် ဝတ်ရွတ်ပြိုင်ပွဲကို ၂၀-၉-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကရင်ပြည်နယ်ဥက္ကဋ္ဌမြဝတီနှင့် ကော့ကရိတ်မြို့နယ်များရှိ ပါတီဝင် များနှင့်တွေ့ဆုံ

 

မြဝတီ၊ ကော့ကရိတ် စက်တင်ဘာ ၁၇

အမျိုးဘာသာ သာသနာအတွက် နိုင်ငံရေးသမားပီသစွာ လုပ်ဆောင်ရန်လိုအပ်ဟု လူငယ်များကို တိုက်တွန်း

 

မိတ္ထီလာ၊ စက်တင်ဘာ ၁၇

လူငယ်များ အနေဖြင့် ကိုယ့်နိုင်ငံ ၊ ကိုယ့်လူမျိုးနှင့် ကိုယ့်အမျိုးဘာသာ သာသနာအတွက် နိုင်ငံရေးသများ ပီသစွာ လုပ်ဆောင်ရန်လိုအပ်ပြီး အခွင့်ရေးကို မျှော်ကိုးသည့် အခွင့်ရေးနိုင်ငံရေးသမား မဖြစ်စေရန် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က မိတ္ထီလာခရိုင်မှ လူငယ်များအား တိုက်တွန်းပြောဆို ခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်များ လူငယ်နှင့်အနာဂတ် နိုင်ငံတော်ခေါင်းစဉ်ဖြင့် လူငယ်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး

 

ရန်ကုန် စက်တင်ဘာ ၁၇

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီနှင့် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ယမန်နေ့နံနက် ၉ နာရီက မှော်ဘီမြို့နယ် တင်ကြီးကုန်းကျောင်းကြီးရှိ ကလျာဏမိတ္တဓမ္မာရုံတွင် ကျင်းပခဲ့သည့် လူငယ်နှင့်အနာဂတ် နိုင်ငံတော်ခေါင်းစဉ်ဖြင့် လူငယ်တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး ခဲ့သည်။

ပါတီဝင်သစ် ၄၀၅ ဦး ၀င်ရောက်သည့် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲ ဒက္ခိဏသီရိ ပြည်ခိုင်ဖြိုးကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၁၆

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အစည်းအဝေးကို ဂုဏ်ပြုသောအားဖြင့် ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်သစ် ၄၀၅ ဦးဝင်ရောက်သည့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကို ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်တွင် ကျင်းပပြုလုပ် ခဲ့သည်။

ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားအား နိုင်ငံတော်အလံကိုအလေးပြုပြီး နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။