ရန်ကုန် စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအောင်နိုင်ရေး အလံလွှင့်ထူပွဲနှင့် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြုလုပ်ခဲ့သည်။
ရန်ကုန် စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအောင်နိုင်ရေး အလံလွှင့်ထူပွဲနှင့် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြုလုပ်ခဲ့သည်။
ရန်ကုန် စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် အမှတ် (၃၇) ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးနှင့် မဟာသီရိ လမ်းထောင့်ရှိ မြို့နယ်ပါတီရုံးရှေ့ မျက်နှာစာ၌ ပါတီအလံလွှင့်ထူခြင်းနှင့် ၂ဝ၂ဝ ရွေးကောက်ပွဲ ပါတီအောင်နိုင်ရေး ဗီနိုင်း ဆိုင်းဘုတ်တင်ပွဲ ကျင်းပခဲ့သည်။
ကျိုက်ထို ၊စက်တင်ဘာ ၉
ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီနာယက ဦးမြင့်ဆွေ ဦးဆောင်သည့် သိမ်ဇရပ်မြို့ မြို့နယ်ကော်မတီ၀င်များနှင့် ပါတီ၀င်လူငယ်များသည့် သိမ်ဇရပ်မြို့ရှိ မြသိန်းတန် စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း အမှိုက်များ သန့်ရှင်းခြင်း မြတ်များနှုတ်ခြင်း သန့်ရှင်းရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ ကျိုက်ထိုမြို့နယ်
မှော်ဘီ၊ စက်တင်ဘာ ၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မှော်ဘီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပါတီဝင်များသည် ယနေ့ စက်တင်ဘာ ၉ ရက် နံနက် (၉)နာရီခွဲအချိန်ခန့်တွင် မှော်ဘီမြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် ပါတီအောင်နိုင်ရေးအလံလွှင့်တင်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်၊ စက်တင်ဘာ ၆။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် စေတနာ့ဝန်ထမ်းအဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် ပါဝင်လှုပ်ရှား ဆောင်ရွက်လျက်ရှိပြီး ယနေ့ညနေ၌ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူအများအပြား ဝင်ထွက်သွားလာလျက်ရှိသည့် မြို့မဈေးအတွင်း ဆေးဘက်သုံး နှာခေါင်းစည်း (၄၀၀၀)ကို ဖြန့်ဝေလှူဒါန်း ခဲ့သည်။
ကော့ကရိတ် စက်တင်ဘာ
ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ယမန်နေ့နံနက် ၇ နာရီခွဲတွင် ပြည်နယ်ပါတီ ကော်မတီဝင် ဦးအောင်မြင့်သိန်း၊ ဦးအောင်သိန်းဝင်း၊ ကော့ကရိတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးစောစောရွှေနှင့် ကော့ကရိတ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းဇော်ဇော်လတ်တို့ လိုက်ပါ၍ အမှတ် (၆) ရပ်ကွက်ရှိ မြို့မကျောင်းကြီးဆရာ တော်အား ဖူးမြော်၍ ဝါဆိုသင်္ကန်းနှင့်လှူ ဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့သည်။
ရန်ကုန် စက်တင်ဘာ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်းရှိ ကျောင်းတိုက် ၁၆ ကျောင်းမှ သံယာတော် ၁၆ပါးအား ယမန်နေ့ နံနက် ၁ဝနာရီ တွင် ဆိပ်ကြီး ခနောင်တိုမြို့နယ် ပါတီရုံး၌ဝါဆိုသင်္ကန်းနှင့် နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
မြစ်ကြီးနား စက်တင်ဘာ
ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးစိုးသိန်းသည် ယမန်နေ့ မွန်းလွဲ ၃ နာရီက ကချင်ပြည်နယ်ပါတီ ရုံးဝင်းအတွင်း၌ ပြည်နယ်ပါတီရုံး ဦးစီးအဖွဲ့ဝင်များကို စားသောက်ကုန် ရိက္ခာငါးမျိုး ဖြစ်သော ဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်ဥနှင့် ကြက်သွန်နီများ ထောက်ပံ့ပေးအပ်ခဲ့ရာ ပြည်နယ်ပါတီရုံး ဦးစီးအဖွဲ့ဝင် များက အသီးသီးလက်ခံရယူ ခဲ့ကြောင်း သိရသည်။