ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်း ဒေသကြီး(အရှေ့)တွဲဖက်တာဝန်ခံ ဦးလှသိန်း သည် ဝေါမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမောင်ယု နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဝေါမြို့နယ် အညာစု ထမင်းဆိုင်ကျေးရွာ ဆရာတော်အားလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကွေကြီးအနောက်ကျေးရွာ ဆရာတော် အားလည်းကောင်း ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခဲ့သည်။
အလားတူ ယခုလ ၄ရက်ကဝေါမြို့နယ် ဂျလဟာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဝါဆိုသင်္ကန်းကပ်လှူခဲ့ပြီး မွန်းလွဲပိုင်းတွင် ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့ နယ်ပါတီဝင်လူငယ်များနှင့်တွေ့ဆုံခဲ့သည်။