ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပန်းတနော်မြို့ယွန်းစာသင်တိုက်ဆရာတော်အား ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံဦးသန်းထွန်းသည် ယမန်နေ့မွန်းလွဲပိုင်း၌ ပန်းတနော်မြို့နယ် အနောက်ရပ်ရှိယွန်းစာသင်တိုက်၏ သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တ နန္ဒိယအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

သင်္ကန်းဆက်ကပ်ရာသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ မအူပင်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦး၊ ခရိုင်ပါတီကော်မတီဝင်ဦးမင်းအောင်၊ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်း နှင့် မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါခဲ့ကြသည်။  မောင်ခိုင်ဖြိုး(ပန်းတနော်)


မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ တောင်ခွင်ကျေးရွာ ဆရာတော်ကိုဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ကွန်ကရစ် လမ်းအတွက် ဘိလပ်မြေအိတ်များလှူ

မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်ခွင်ကျေးရွာဆရာတော်ကို ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ကွန်ကရစ်လမ်းအတွက် ဘိလပ်မြေ ၁ဝ အိတ်၊ အလှူရှင် တိုင်းဘဏ္ဍာရေးမှူး ဦးကြည်ထွန်း မိသားစုက ဘိလပ်မြေ ၁ဝ အိတ် စုစုပေါင်း ဘိလပ်မြေအိတ် ၂ဝ ကို ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့များနှင့်ပူးပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် (လူငယ်ရေးရာတာဝန်ခံ) ဦးစောမြင့်ဝင်းအောင်၊ ပြည်နယ်အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်စန္ဒာဦး၊ ပြည်နယ်လူငယ်လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ဒေါ်ခင်နီနီအောင်တို့သည် ယနေ့ နံနက် ၇ နာရီက ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူး(ငြိမ်း)မြင့်သောင်း ဦးဆောင်၍ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် ၇ဝ၊ တရုတ်လှကျေးရွာ အထက်တန်း ကျောင်းမှ ဆရာ ဆရာမ ၁ဝ ဦး၊ နယ်မြေခံတဆရ (၂/၁ဝဝ)မှ တပ်မတော်သားနှစ်ဦး စုပေါင်း၍ ဘားအံမြို့နယ် တရုတ်လှ စံပြကျေးရွာအထက်တန်းကျောင်းတွင် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းပေးခြင်း၊ ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေးများ ဆောင်ရွက်ပေးခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီ သွေးလွန်တုပ်ကွေးကာကွယ်ဆေးဖျန်း

ရန်ကုန်တိုင်းဒေသကြီး  အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယနေ့နံနက် ၈ နာရီတွင် အမှတ်(၃၈)ရပ်ကွက် ဝန်းသိုလမ်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသော နေအိမ်နှင့်  ပတ်ဝန်းကျင် နေအိမ်များအား ခြင်မပေါက်ပွားနိုင်စေရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်ပေးခဲ့သည်။  အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက် ပါတီဝင် များက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ တင်ဆန်းအောင်(မြောက်ဒဂုံ)

မန်စီမြို့နယ်ပြည်ခိုင်ဖြိုးပါတီက ဟန်ထက်ကျေးရွာနေပြည်သူများသို့ ဆား ကာဘော်လစ်ဆပ်ပြာနှင့် နှာခေါင်းစည်းများ ဖြန့်ဝေ

ကချင်ပြည်နယ် မန်စီမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဟန်ထက်ကျေးလက်နေ ပြည်သူများအား ဆား၊ ကာဘော်လစ် ဆပ်ပြာနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မန်စီမြို့နယ် ဟန်ထက်ကျေးရွာများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးမိတ်ပြည်ခိုင်ဖြိုးပါတီ သွေးလွန်တုပ်ကွေးရောဂါနှင့်COVID-19 ကာကွယ်ရေးလုပ်ဆောင် ကျောင်းဆောက်ရန် ငွေလှူ

မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးမြင့်လှိုင်နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မဘိမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ ပါတီအတွင်းရေးမှူး ဦးတင်ဝယ်နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ယနေ့နံနက် ၇ နာရီတွင် မလှိုင်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ မူလွန်ကျောင်းနှင့် လူနေအိမ် ၂၃၄ အိမ်အား သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ခြင်ဆေးဖျန်းပေးခဲ့ကြသည်။

ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံဦးမြင့်စိုး ကောလင်းနှင့်ဝန်းသိုမြို့နယ်များရှိ ဆရာတော် များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ကောလင်းမြို့နယ်သေလာပဗ္ဗတသံခမောက် တောင်စေတီတော်အား ဖူးမြော်၍ သံခမောက်တောင်ဆရာတော်အား ဝါဆိုသင်္ကန်း  ဆက်ကပ်လှူဒါန်းပြီး ဆင်ခံတောင်တော်ရှိ မဟာရာဇမုနိလာဘ သိဒ္ဓိစေတီတော်မြတ်ကို ဝင်ရောက်ဖူးမြော်ပြီး စေတီတော်စောင်း တန်းသုံးခန်းအတွက် အလှူတော်ငွေကျပ် ၁ဝ၅ဝဝဝဝ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး စံတော်သာဘိုးဘွားရိပ်သာ ဘိုးဘွားများအတွက် အလှူငွေ လှူဒါန်း၍ ရိပ်သာအလှူရှင် ဒေါ်သန်းရီနှင့်ဝင်ရောက်တွေ့ဆုံခဲ့ပြီး ကောလင်းမြို့ သုနန္ဒာရာမကျော် ဇေယျာ မြောက်ကျောင်းဆရာတော်အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းမှဆက်လက်ပြီး ဝန်းသို မြို့နယ် စိန်လည်ရှမ်းစုကျောင်း ဆရာတော်နှင့် ချယားကုန်းဆရာတော်တို့အား ဝါဆိုသင်္ကန်းလှူဒါန်းခဲ့ကြောင်း သိရသည်။ ညီညီထွန်း(ဝန်းသို)

ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး(အရှေ့)တွဲဖက်တာဝန်ခံ ဦးလှသိန်း ကိုယ်ထူကိုယ်ထ စာသင်ဆောင် သစ်အတွက် အလှူငွေများလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး(အရှေ့) တွဲဖက်တာဝန်ခံ ဦးလှသိန်းသည် ယနေ့တွင် ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ယု၊ မြို့နယ်ပါတီကော်မတီဝင် ဦးသောင်းထွန်းနှင့် ရုံးအဖွဲ့များလိုက်ပါပြီး မြစ်ကျိုးကျေးရွာတာထိပ်ကျောင်းဆရာတော်၊ အထက်ဝိုင်းပတ်ကျေးရွာ ကျောင်းဆရာတော်၊ ဒလနွမ်းကျေးရွာ ကျောင်းဆရာတော်နှင့် ဆင်ရွာကျောင်းကြီး ဆရာတော်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် အထက်ဝိုင်းပတ်ကျေးရွာ အလယ်တန်း ကျောင်း၌ ကိုယ်ထူ ကိုယ်ထ ဆောက်လုပ်သည့်စာသင် ဆောင်အသစ်အတွက် အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စုပေါင်းသန့်ရှင်းရေးနှင့် ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ကျောင်းဖွင့်ချိန်ကာလ၌ ကျောင်းသား ကျောင်းသူများ  အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန် အတွက် အခြေခံပညာ မူလတန်းကျောင်းအမှတ်(၂)ကျောင်းဝင်းအတွင်းအပြင် စုပေါင်းသန့်ရှင်း ရေးဆောင်ရွက် ပေးခဲ့ကြသည်။

”ကျောင်းဖွင့်တဲ့အချိန်မှာ ကျောင်းသားကျောင်းသူတွေ အဆင်ပြေပြေနဲ့ မြွေအန္တရာယ်ကင်းဝေးအောင် ကျောင်းဝင်းအတွင်းအပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊အမှိုက်များ ရှင်းလင်းခြင်းနှင့် မိုးရာသီတွင် ဖြစ်ပွားတတ်သော ရာသီတုပ်ကွေးရောဂါအား ကြိုတင်ကာကွယ်သောအားဖြင့် စာသင်ခန်းမ များအတွင်း ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျော်ကျော်အောင်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက မုတ်လွဲကျေးရွာ  ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်အား သွားရောက် ဖူးမြော်ကြည်ညိုကြပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ နဝကမ္မဝတ္ထုငွေ နှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ် ရေးအထောက်အကူပြုနှာခေါင်းစည်း ၅ဝ တို့ကို  ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။