
လေးမျက်နှာ ဇူလိုင်၊၁၉
၇၅ နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးကာ လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

လေးမျက်နှာ ဇူလိုင်၊၁၉
၇၅ နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးကာ လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ဇူလိုင် ၁၈၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့် ဇနီးမိသားစုတို့သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် နေပြည်တော်၊ တပ်ကုန်းမြို့၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒသိရီ သက်တော်ရှည်ဆရာတော်ကြီး၏ မွေးနေ့တွင် အသက်ရှည်ကြာ၊ အနာမဲ့ခြင်း၊ ကျန်းမာခြင်း ၊ ချမ်းသာခြင်းတို့နှင့် ပြည့်စုံစေရန် ကုသိုလ်မင်္ဂလာဖြစ်ပါစေကြောင်း ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝထ္ထုအစုစုတို့အား ဆပ်ကပ်လှူဒါန်းကုသိုလ်ပြုခဲ့ပါသည်။

ဇူလိုင် ၁၇၊ နေပြည်တော်
နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်နယ်မြေပါတီရုံး၌ ဆရာတော် သံဃာတော်များအား ပင့်ဖိတ်၍ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်လှိုင်၊ ပါတီဗဟို အလုပ်အမှုဆောင် ဦးသောင်းအေး၊ ပြည်ထောင်စုနယ်မြေနာယက ပါတီဗဟိုကော်မတီဝင် ဦးခင်မောင်ဌေး၊ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးဌေးဝင်း နှင့် ပြည်ထောင်နယ်မြေကော်မတီဝင်များ၊ ခရိုင်ဥက္ကဌများ၊ မြို့နယ်ဥက္ကဌများ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး လှူဒါန်းမှု အစုစုအား ရေစက်သွန်းချ အမျှဝေခဲ့ကြပါသည်။

ဇူလိုင် ၁၆၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြုလုပ်သော ပါတီဝင်များ၊ ပါတီဝင်ဟောင်းများ၊ ပါတီဝန်းရံထောက်ခံသူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းဝင်ဟောင်းများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

လေးမျက်နှာ ဇူလိုင်၊၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး တောင်သူလယ်သမား စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပွဲအား ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်း နိုင်ငံတော်သီချင်းသီဆိုခြင်းများဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး လေးမျက်နှာမြို့နယ် ပါတီဥက္ကဌဒေါ်စန်းစန်းချိုက ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးသိန်းထွန်းမှ ဆွေးနွေးမှာကြားခြင်း တိုင်းဒေသကြီးပါတီကော်မတီဝင် လယ်သမားရေးရာတာဝန်ခံတို့က ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ ဇူလိုင် ၁၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၏ ဒဿမအကြိမ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆပ်ကပ်ခြင်း အလှူမင်္ဂလာအခမ်းအနားကို ၁၄-၇-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ပါတီဌာနချုပ်ရှိ ဧည့်ခန်းမတွင် ပြုလုပ်ခဲ့ကြပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗုဒ္ဓဘာသာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်(ဓမ္မစင်္ကြာနေ့) နံနက် ၆ နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ ရွှေဘုရား ၊ ငွေဘုရား၌ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ဦးဆောင်ပြီး ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနမှူးများ၊ ဦးစီးရုံးအဖွဲ့ဝင်များ၊ မိသားစုများမှ ဓမ္မစင်္ကြာတရားတော်များ၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်းသိရှိရပါသည်။

လားရှိုး ဇူလိုင် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်ဘဏ္ဍာရေးမှူး ဦးခင်အောင်ဆွေ နှင့် ၊ ရပ်ကွက်(၁) ရပ်ကွက်စည်းရုံးရေးမှူးများဦးဆောင်၍ သံဃာအပါး (၇၀) ကျော်တို့အား အာရုံဆွမ်းလောင်းလှူပြီး ဝါဆိုသင်္ကန်းများဆပ်ကပ်ခဲ့ကြောင်းသိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ နှင့် ရပ်/ကျေး ပါတီဥက္ကဌများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်ပါတီရုံးခန်းမ၌ ၁၁ .၇.၂၀၂၂ ရက်နေ့ နံနက် (၀၉:၄၅) နာရီအချိန်တွင်ကျင်းပပြုလုပ်ပါသည်။
အဆိုပါအခမ်းအနားအား တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဒေါ်ခင်စောမူ က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ တိုင်းပါတီကော်မတီဝင် ဒေါက်တာထိန်ဝင်းက လူငယ်ရေးရာ နဲ့ခေါတ်ပညာတတ်လူငယ်များ ပိုမိုစိတ်ပါဝင်စားပါဝင်စေရန် ပါတီတွင်းစည်းလုံးညီညွှတ်ကြစေရန် တိုက်တွန်းပြောခြင်းနှင့် တိုင်းပါတီကော်မတီဝင် ဦးသန်းထွန်းက ပါတီစည်းရုံးရေးဆိုင်ရာများပြောကြားပြီး ပုသိမ်ခရိုင်ပါတီဥက္ကဌ ဦးစိုးဝင်းက အမှာစကား ပြောကြားပါသည်။

မိတ္ထီလာ ဇူလိုင် ၁၀
မန္တလေးတိုင်ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မိတ္ထီလာခရိုင်ပါတီနှင့် မြို့နယ်ပါတီတို့၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယမန်နေ့ နေ့လည် (၃)နာရီအချိန်တွင် မိတ္ထီလာခရိုင် ပါတီရုံး၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မိတ္ထီလာမြို့၌ သီတင်းသုံးဝါဆိုတော်မူကြမည့် ကျောင်းတိုက်ကြီး (၁၁) ခုမှ ဆရာတော် (၁၁)ပါး အား ဝါဆိုသင်္ကန်းများ ကပ်လှူပူဇော်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြပါသည်။