ကျိုက်ထို၊ စက်တင်ဘာ ၂၄ ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့အတွင်းရှိ ၀င်းကံကျေးရွာသို့ ယနေ့မနက် ၈ နာရီချိန်မှ စတင်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ဆွေ၊ ပြည်နယ်လွှတ်တော် အမှတ်(၁) ကိုယ်စားလှယ်လောင်း ဦးဌေးလွင်တို့၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို ကိုဗစ်-19 ဥပဒေနှင့်အညီ စတင်မဲဆွယ်စည်းရုံးခဲ့ကြသည်။