ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ စန်းစန်းနွယ်နှင့်အတူ ဗဟိုကော်မတီဝင် ဒေါက်တာနေလင်း၊ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းမြင့်၊ ထန်းတပင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းရီ၊ မြို့နယ်ပါတီကော်မတီဝင်များသည် ယနေ့ နံနက် ၈ နာရီက မဲပလီကျေးရွာ အုပ်စုရှိ ဘုန်းတော်ကြီးကျောင်းဆရာတော် ဓာတ္တော်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်တို့ကို ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း၊ အာဟာရမုန့်နှင့် အချိုရည်တို့လှူဒါန်းခဲ့ကြောင်း သိရသည်။
စလင်းပြည်ခိုင်ဖြိုးပါတီက မီးဘေးသင့်ပြည်သူများကို ထောက်ပံ့ကူညီ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များက ယမန်နေ့တွင် စလင်းမြို့နယ် မင်းလျင်ရွာ မီးဘေးသင့်အိမ်ထောင်စုများ အား သွားရောက်၍ မီးဘေးကယ်ဆယ်ရေးထောက်ပံ့ ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဦးဝင်းမြိုင်၊ အတွင်းရေးမှူး ဦးဇော်နိုင်၊ မြို့နယ် ပါတီကော်မတီဝင်ဦးဝင်းခိုင်၊ နယ်မြေတာဝန်ခံကော်မတီ ဝင် ဦးစိုးဝင်းတို့ ပါဝင်လိုက်ပါပြီး ယခုလ ၂ဝ ရက်က မီးသင့်ခံခဲ့ရသော မင်းလျင်ကျေးရွာမှ အိမ်ထောင်စုသုံးစု အား ထောက်ပံ့ငွေနှင့် အဝတ်အထည်ပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရသည်။ စစ်ကြည်(စလင်း)
ပွင့်ဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီက အခြေခံပညာကျောင်းများအတွက် COVID-19 ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းနှင့် ပိုးသတ်ဆေးများလှူဒါန်း
မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် တိုင်းဒေသကြီး ပါတီကော်မတီအဖွဲ့ဝင်များ၏ စီမံမှုဖြင့် ပွင့်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဆန်းထွန်းနှင့် မြို့နယ် ပါတီကော်မတီဝင်များက ယမန်နေ့ မွန်းလွဲ ၁နာရီက ပွင့်ဖြူမြို့နယ် ကနီကျေးရွာ (အထက-ခွဲ) ကျောင်းနှင့်ထိန်အိုင်ကျေးရွာ (အထက-ခွဲ) ကျောင်းသို့ သွားရောက်ပြီး ၂ဝ၂ဝ- ၂ဝ၂၁ ပညာသင်နှစ် ကျောင်းများဖွင့်လှစ်သင်ကြားရာ၌ ဆရာ၊ ဆရာမများနှင့်ကျောင်းသားကျောင်း သူများ COVID-19 ရောဂါအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများ နှင့် ပိုးသတ်ဆေးဖျန်းနိုင်ရန် ပိုးသတ် ဆေးမှုန့်ထုပ်များ ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
တကောင်းမြို့မ အထက နှင့် ပေါ်တော်မူကျေးရွာ အထကခွဲကျောင်းများသို့ PPE ဝတ်စုံနှင့် Mask များလှူဒါန်း
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးထွန်းတင့်၊ တကောင်းမြို့ ပါတီတာဝန်ခံ ဦးလှိုင်မျိုးဝင်းနှင့် ပါတီဝင်များ သည် ယမန်နေ့နံနက် ၁ဝ နာရီက တကောင်းမြို့မ အထကကျောင်း သို့ PPE ဝတ်စုံ လေးစုံနှင့် Mask အခု ၅ဝ အား လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် ပေါ်တော်မူ ကျေးရွာ အထက ခွဲသို့ PPE ဝတ်စုံ လေးစုံနှင့် Mask အခု ၅ဝ အား လည်းကောင်း သွားရောက်ပေး အပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ် ဆရာကြီးများက အသီးသီးလက် ခံရယူခဲ့ကြောင်း သိရသည်။
ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ထုံးကြီးအထကနှင့် ကျောက်တန်းအထကတို့အတွက် နှာခေါင်းစည်းများလှူဒါန်း
ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ COVID-19 ကာကွယ်နိုင်ရန်အတွက် အခြေခံပညာကျောင်းများတွင် နှာခေါင်း စည်းများလှူဒါန်းပေးခြင်း၊ ပိုးသတ် ဆေးပက်ဖျန်းပေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိသည်။ ယမန်နေ့ နံနက်ပိုင်းက ပဲခူး မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာ ထူးခြားအောင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များသည် ထုံးကြီး ကျေးရွာ အခြေခံပညာအထက် တန်းကျောင်းနှင့် ကျောက်တန်း ကျေးရွာ အခြေခံပညာ အထက် တန်းကျောင်းများသို့ သွားရောက် ပြီး ကျောင်းသား ကျောင်းသူများ နှင့် ဆရာဆရာမများ COVID-19 ကာကွယ်နိုင်ရန်အတွက် တစ် ကျောင်းလျှင် နှာခေါင်းစည်း အခု ၁ဝဝဝစီတို့ကို သက်ဆိုင်ရာကျောင်း အုပ်ကြီးများထံသို့ လှူဒါန်းပေးခဲ့ ကြကြောင်း သိရသည်။
မိုးမောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကြေးနန်းရပ်ကွက်အတွင်း၌ Mask နှင့် ဆပ်ပြာခဲများဖြန့်ဝေ
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးဒါရှီတူးလွမ်၊ ဘဏ္ဍာရေးမှူးဦးဘရန် အောင်၊ မြို့နယ်ပါတီကော်မတီဝင်များဖြစ်သော ဦးမြင့်လွင်၊ ဒေါ်မေရီ၊ ဒေါ်ဂျာအောန်လုနှင့် ဒေါ်ဒွဲပန်တို့သည် ယမန်နေ့နံနက်ပိုင်းက မိုးမောက်မြို့ ကြေးနန်းရပ်ကွက်ရှိ အိမ်ခြေ ၅၈ဝ တို့အား တစ်အိမ် တက်ဆင်းသွားရောက်၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အထောက်အကူပြု နှာခေါင်းစည်းများနှင့် လက်ဆေးရန် ကာဘော် လစ်ဆပ်ပြာခဲများဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ထန်းတပင်မြို့ ဘောလည်ကျွန်းဒေသရှိ ဘုန်းတော်ကြီးများအား ဝါဆိုသင်္ကန်း ဆက်ကပ် အာဟာရမုန့်ပုံး အချိုရည်လှူဒါန်း COVID-19 ရောဂါ ရှင်းလင်းဆွေးနွေး
ရန်ကုန် ဇူလိုင် ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်နှင့်အတူ ဗဟိုကော်မတီဝင် ဒေါက်တာနေလင်း၊ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းမြင့်၊ ထန်းတပင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းရီတို့သည် တလိုင်မွှကျေးရွာအုပ်စုလသာကျေး ရွာပေါက်တော၊ မောက်တင်၊ ညောင်ဆိပ်၊ ကမူ၊ အောက်ဘောလည်၊ ဘောလည်ကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာပန်သပွတ်၊ ကြမန်းအုပ်စု ကြမန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းဆရာတော်တို့အား ဝါဆိုသင်္ကန်း၊ အာဟာရမုန့်ကွေကာ၊ အချိုရည်များ ဆက်ကပ်လှူဒါန်း ကြပြီးဆက်လက်၍ ကျေးရွာပါတီဥက္ကဋ္ဌ၊ ကော်မတီဝင်၊ ပါတီဝင်များနှင့် ပါတီဥက္ကဋ္ဌ ဦးဇော့်ဝင်းနိုင် နေအိမ်တွင် ယမန်နေ့နံနက် ၁ဝ နာရီက COVID-19- ရောဂါအသိပညာပေးများ ဆွေးနွေးပြောကြားခြင်း၊ လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ Mask နှာခေါင်းစည်းများ တပ် ဆင်ပေးအပ်ခဲ့ကြောင်း သိရသည်။ဇော်သိန်း(ထန်းတပင်)
ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ကောက်စိုက်နေသူများအား အာဟာရကျွေးမွေး
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထိန်မင်း သည် ယမန်နေ့နံနက်ပိုင်းက ပန်းတိမ်ကုန်းကျေးရွာအုပ်စု ကောင်းကွေ့ကျေးရွာလယ်သမားကြီး ဦးမောင်ကျော်၏ လယ်လေးဧကကျော်တွင် ကွင်းပိတ်ကောက် စိုက်ပျိုးမှုသို့ အချိုရည်ဘူးများ၊ စားစရာများကို သွားရောက်ကျွေးမွေး ခဲ့ကြောင်း သိရသည်။ ကောက်စိုက်ပျိုးမှု ခဏနားချိန်တွင် ကောက်စိုက်သမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လုပ်ငန်း ကိုင်ငန်းများ၊ စားဝတ်နေရေးများနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် မိမိတို့အမြင်များကို ပွင့်လင်းစွာ ပြောဆိုခဲ့ကြကြောင်း သိရသည်။ ညီညီထွန်း(ဝန်းသို)
သံတွဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ပါတီဝင်များနှင့်တွေ့ဆုံ
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့က အစိုးရပါဠိပထမပြန် စာမေးပွဲသို့ သောက်ရေသန့်ဘူးများနှင့် တစ်ရှူးစက္ကူထုပ်များ လှူဒါန်း
ရန်ကုန် ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအမျိုးသမီးရေးရာ အဖွဲ့မှ ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် အမှတ် (၄၂) ရပ်ကွက် မဟာဂန္ဓာရုံ ကျောင်းတိုက်စာဖြေဌာနတွင် ကျင်းပလျက်ရှိသော ၂ဝ၂ဝ ပြည့်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ ပထမကြီးတန်း ဘာသာရပ် ဖြေဆိုတော်မူကြသော ရဟန်းသာမဏေ ၄၂ ပါး၊ သီလရှင်လေးပါးနှင့် စာမေးပွဲကြီးကြပ်ရေး ဆရာတော်များအား သောက်ရေသန့်ဘူး ၇ဝနှင့် တစ်ရှူး စက္ကူထုပ် ၇ဝ တို့အား သွားရောက် လှူဒါန်းခဲ့ကြသည်။