
နတ်တလင်း၊ အောက်တိုဘာ ၃၀
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ နတ်တလင်းခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ခရိုင်ပါတီ ကော်မတီဖွဲ့စည်းခြင်းနှင့် နတ်တလင်းခရိုင်ပါတီရုံး ဆိုင်းဘုဒ်တင်ပွဲကို ၃၀-၁၀-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီက နတ်တလင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီရုံးတွင် ကျင်းပရာ တိုင်းပါတီအတွင်းရေးမှူး ဦးကျော်ကျော်လင်းနှင့် တိုင်းကော်မတီဝင်များ၊ သာယာဝတီခရိုင်၊ ပြည်ခရိုင် ဥက္ကဋ္ဌ နှင့်ကော်မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ တက်ရောက်ကြပါသည်။












