

နိုဝင်ဘာ ၇၊ ကန်ကြီးထောင့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ ပါတီရုံးခန်းမတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၀၉:၃၀ အချိန်မှ နေ့လည် ၁၁:၄၅ အချိန်ထိ ကျင်းပပြုလုပ်သော ပါတီဝင်သစ် (၄၆၀)ဦးအတွက် အဆိုပြုလွှာနှင့် ပါတီဝင်ကြေးစုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။




















