
မန္တလေး၊ အောက်တိုဘာ ၂၄
မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင် ဆိုင်းဘုတ်တင်ပွဲနှင့် တတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနားကို (22.10.2022)နေ့ (မနက်၁၀:၀၀)နာရီ အချိန်က အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံးအတွင်း ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ခရိုင်အဆင့် မြို့နယ်အဆင့် မြို့နယ်ပါတီကော်မတီဝင်များ မြို့ပေါ်ရပ်ကွက်နှင့် အချို့သောကျေးရွာများမှ ပါတီကော်မတီနှင့် ပါတီဝင်များ တက်ရောက်ခဲ့ပါသည်။












