
နိုဝင်ဘာလ ၁၂၊ နေပြည်တော်
နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျွန်းရောင်းအုပ်စု ရွာသစ်ကျေးရွာတွင် ရေနွေးကြမ်းစကားဝိုင်းကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေခေတ္တဥက္ကဋ္ဌ ဦးလှဆွေနှင့် ကော်မတီဝင်များက ကျေးရွာရှိပြည်သူများနှင့် ရေနွေးကြမ်းစကားဝိုင်းပြုလုပ်၍ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။









