
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ၊ ဗိုလ်တထောင် ခရိုင်ကော်မတီဝင် များနှင့် ပါတီဝင်ဟောင်းများ၊ပါတီ မိတ်ဆွေများ တွေ့ဆုံပွဲအခမ်းအနားကိုယနေ့နေ့လည် ( ၁:၃၀ ) အချိန် က မင်္ဂလာတောင်ညွန့်မြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါတီဝင် ဟောင်းများက မိမိကိုယ်ကိုမိတ်ဆက်ကြပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအရန်ကော်မတီဝင် ဗိုလ်တထောင် ခရိုင် ဥက္ကဌ ဦးညဏ်ဝင်းထိုက် က လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေ၊ရွေးကောက်ပွဲ တွင် ပါတီဝင ်ဟောင်းများက ပါဝင်ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေ၊ ရွေးကောက်ပွဲ (PR)စနစ်အကြောင်း သိကောင်းစရာများ နှင့်ပက်သက်၍ပိုမိုသိရှိနားလည်အောင် ရှင်းလင်းပြောကြားခဲ့ပါသည်။ ပါတီဝင်ဟောင်း များ ကလည်းသိလိုသည်များကို မေးမြန်းခဲ့ကြပြီး ခရိုင်ပါတီဥက္ကဌ နှင့်အဖွဲ့ကပြန်လည် ဖြေကြားခဲ့ပါသည်။











