ကျေးရွာအဝင်လမ်းခင်းရာတွင် လိုအပ်နေသော ဘိလပ်မြေ(၅၀)အိတ်ဝယ်ယူနိုင်ရန်အတွက် အလှူငွေ လှူဒါန်း

ကျောက် မဲ ဩဂုတ် ၄

ကျောက်မဲမြို့နယ် ကျောက်မဲကြီးကျေးရွာအုပ်စု ၊ ကုန်းစုံကျေးရွာ၊ ရွာအဝင်လမ်းခင်းရန်အတွက် ကျောက်မဲခရိုင် ပါတီခရိုင်ဥက္ကဌ ဦးသန်းထိုက်ဇော်၊ ကော်မတီဝင်ဦးခင်ဇာမောင်၊ ဒေါ်ခင်စောအေး၊ မြို့နယ်ပါတီဥက္ကဌ ဦးလှတင်၊ ဘဏ္ဏာရေးမှူး ဒေါ်ဖြူဖြူမြင့်နှင့် ကျေးရွာပါတီဝင်များတို့မှ ကျေးလက်လမ်းဖြစ်မြှောက်ရေးကော်မတီ၊ ကျေးရွာအုပ်စု ဥက္ကဌ ဦးချစ်သိန်းထံသို့ ဘိလပ်မြေအိတ်(၅၀)အတွက် ကျသင့်ငွေ(၃၅၀၀၀၀)ကျပ်အား လှူဒါန်းခဲ့ကြပါသည်။

 

ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်း

တောင်ဥက္ကလာပ ဩဂုတ် ၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တောင်ဥက္ကလာပမြို့နယ်မှ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ကြည်၊ ဘဏ္ဍာရေးမှုး ဒေါ်စုလှမြတ်နှင့် မြို့နယ်ကော်မတီဝင်များဦးဆောင်၍ ရပ်ကျေးပါတီဥက္ကဌများ၊ ပါတီဝင်များသည် အိမ်မဲကျောင်းတိုက်၌ ဝါဆိုသဃ်န်းနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်း၍ ကျောင်းရှိဆရာတော်သံဃာတော်များ၊ ကိုရင်လေးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။


သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အဌမအကြိမ်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

ဩဂုတ် ၃၊ သံတွဲ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အဌမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဆရာတော် သံဃာတော်များအား ပင့်ဖိတ်ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့ နံနက် ၀၈:၀၀ နာရီအချိန်တွင် ခရိုင်ပါတီးရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဗဟိုအရံကော်မတီဝင် မြို့နယ်ဥက္ကဌ ဦးစန်းနိုင်နှင့်ကော်မတီဝင်များ၊ ပြည်နယ်ကော်မတီဝင် ဦးဇော်သန်းဦး၊ ခရိုင်ဘဏ္ဍာရေးမှူး ဦးသန်းနိုင်၊ ခရိုင်ကော်မတီဝင် ဒေါ်ခင်မူ၊ ရပ်/ကျေး ပါတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ လူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပါတီမိတ်ဆွေများ စုစုပေါင်းအင်အားတက်ရောက်ကြပြီး(၁၀၀)ကျော် ဆရာတော်များထံမှ ငါးပါးသီလခံယူပြီးနောက် ဝါဆိုသက်န်းနှင့် နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဧည့်ပရိတ်သတ်များအား ဒန်ပေါက်ဆွမ်းဖြင့် ဧည့်ခံကျွေးခဲ့သည်။

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဩဂုတ် ၂၊ နေပြည်တော်

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီအဆင့်ဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေပါတီရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

မကွေး ၊ သြဂုတ် ၂

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် တိုင်းဒေသကြီးပါတီရုံး၌ ဆရာတော် သံဃာတော်များအားပင့်ဖိတ်ပြီး ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ဝတ္ထုများအား ဆပ်ကပ်လှူဒါန်းခဲ့ ကြပါသည်။ ထို့နောက် ရေစက်ချတရားနာကြားခဲ့ပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျောင်းသန့်ရှင်းရေးပြုလုပ်

ဩဂုတ် ၁၂၊ သံတွဲ

သံတွဲခရိုင်နှင့် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ပြီး သံတွဲမြို့နယ်၊ နန်းချောင်း ကျေးရွာအုပ်စု၊ အ.မ.က နန်းချောင်း(အောက်) ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများအား ကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ပါသည်။

ပါတီဗဟိုတိုင်ပင်ခံ ဦးရဲမြင့် ပြင်ဦးလွင်ရေဘေးသင့်ပြည်သူများ သွားရောက်ကူညီ

ပြင်ဦးလွင် ဩဂုတ် – ၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် ပြင်ဦးလွင်ရေဘေးသင့်ပြည်သူများကို သွားရောက်ကူညီခဲ့ကြောင်းသိရသည်။

ပြင်ဦးလွင်ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးကူညီမှု ဒုတိယနေ့တွင် ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တိုင်းကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဠ ဦးဟိန်းမင်းဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဇော်နှင့် ကော်မတီဝင်များသည် ပြင်ဦးလွင်မြို့ ရေဘေးသင့် ပြည်သူများအား ထမင်းဗူး၊ ရေသန့်ဗူး၊ ခေါက်ဆွဲခြောက်များ ဆက်လက်၍ သွားရောက်လူဒါန်းခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလ တာဝန်ထမ်းဆောင်ခဲ့ကြသော အသင်းဝင်များ တွေ့ဆုံပွဲကျင်းပပြုလုပ်

(၃၀.၇.၂၀၂၂)ရက်နေ့နံနက်(၁၀း၀၀)အချိန်တွင်မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီးအတွင်မြို့နယ်(၂၈)မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလတာဝန်ထမ်းဆောင်ခဲ့ကြသောအသင်းဝင်များ တွေ့ဆုံပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအား နိုင်ငံတော်အလံအလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည့် ပါတီဝင်များ၊ ပါတီမိသားစုများ၊ ဝန်းရံသူများအား သတိရအောက်မေ့သည့် အနေဖြင့် ၂ မိနစ် ငြိမ်သက်ခဲ့ပြီးနောက် အခမ်းအနားအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ပါသည်။

ခရိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သရက် ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ခရိုင်ကော်မတီဝင်များ၊ (၄)မြို့နယ်မှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။


မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ၌ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလတာဝန်ထမ်းဆောင်ခဲ့ကြသောအသင်းဝင်များ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ချောက် ဇူလိုင် ၃၁

(၃၁.၇.၂၀၂၂ )  ရက်နေ့  နံနက်(  ၉:၃၀  )အချိန်တွင်  မကွေးတိုင်းဒေသကြီး  ချောက် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်ခိုင်ဖြိုးပါတီ ချောက်မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ    ဝါရင့်ပါတီဝင်များ    ပါတီဝန်းရံသူများ   အသင်းကာလက တာဝန်ထမ်းဆောင်ခဲ့ကြသော  အသင်းဝင်များ နှင့်  တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။