နိုင်ငံရေးပါတီ (၂၂)ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက် ၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်

 


ကျိုင်းတုံ ပြည်ခိုင်ဖြိုးပါတီမှ ရေကြီးရေလျှံဖြစ်နေသော ရပ်ကွက်နေပြည်သူများအတွက် ထမင်းဗူးများနှင့် စားသောက်ဖွယ်ရာများလှူဒါန်း

ကျိုင်းတုံ ဩဂုတ် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေကြီးရေလျှံဖြစ်နေသော ရပ်ကွက်များသို့ သွားရောက်၍ ထမင်းဗူးများ၊ သောက်ရေသန့်ဗူးများနှင့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့ပါသည်။


၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်

မိုးညှင်း ဩဂုတ် ၁၄

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်အစည်း‌အဝေးခန်းမတွင် ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ  ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပ ပြုလုပ်ပေးခဲ့သည်။

မင်းဘူးခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မင်းဘူး သြဂုတ်  ၁၄

မကွေးတိုင်း၊ မင်းဘူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။


ရန်ကုန် အရှေ့ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီမှ အခြေခံရုံးလုပ်ငန်း ကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်း ဖွင့်ပွဲ ကျင်းပ

ရန်ကုန်၊ သြဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အခြေခံရုံးလုပ်ငန်း ကွန်ပျူတာ သင်တန်းနှင့် စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ (၁၄.၈.၂၀၂၂) တနင်္ဂနွေနေ့ တွင် မင်္ဂလာတောင်ညွန့် မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

သံဃာအပါး ၅၀၀ ဆွမ်းလောင်းပွဲတွင် စစ်တွေမြို့ပြည်ခိုင်ဖြိုး ပါဝင်လှူဒါန်း

စစ်တွေ၊ သြဂုတ် ၁၀

စစ်တွေမြို့တွင် သံဃာအပါး ၅၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန့် သြဂုတ်လ ၁၀ ရက်နေ့ နေ့လည် ၂ နာရီ က ပြုလုပ်ခဲ့ကြသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးသည့် အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စစ်တွေမြို့ဘောလုံးကွင်းရပ်ကွက် လောကာနန္ဒာစေတီတော်၌  ကျင်းပခဲ့ကြရာ စစ်တွေမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကမှလည်း ပါဝင်လှူဒါန်းဒါနပြုခဲ့ကြသည်။

တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ပါတီဝင်များ တွေ့ဆုံပွဲပြုလုပ်

သြဂုတ် ၁၁၊ နေပြည်တော်

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ပါတီဝင်များ တွေ့ဆုံပွဲကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ တက်ရောက်လာကြသူများမှ ပါတီရုံးအတွင်း အရိပ်ရသစ်ပင်များ၊ သီးပင်စားပင်များအား စိုက်ပျိုးခဲ့ပြီး ပါတီဝင်များနှင့်တွေ့ဆုံပွဲကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။

သာသနာ့အလံများစိုက်ထူခြင်းတွင် မြဝတီပြည်ခိုင်ဖြိုးမှ ပူးပေါင်းပါဝင်ဆောင်ရွက်

မြဝတီ ဩဂုတ် ၁၀

ကရင်ပြည်နယ် မြဝတီမြို့တွင် YMBA အသင်းကြီးမှ ဦးဆောင်ကျင်ပမည့်နိုင်ငံတော်ဘာသာနေ့အခမ်းအနား လုပ်ငန်းစဉ်များမှ သာသနာ့အလံများစိုက်ထူခြင်းကို မြဝတီမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ဥက္ကဌနှင့် မြို့နယ်ကော်မတီဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။


မကွေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သြဂုတ် ၁၀၊ မကွေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးထွန်းရှိန်၊ ခရိုင်ပါတီဥက္ကဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးအောင်နိုင်၊ ဘဏ္ဍာရေးမှူး ဦးတင်မြင့်လှိင် နှင့် ခရိုင်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲထူးချွန်စွာအောင်မြင်ခဲ့ကြသော ပါတီဝင် မိသားစုသား/သမီးများ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်

ဗန်းမော် ဩဂုတ် ၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၂၀၁၁-၂၀၂၂)ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ပါတီဝင်များ၏ သား/သမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။