
ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ပါတီရုံးခန်းမ၌လူငယ်တွေ့ဆုံပွဲဆောင်ရွက်ခဲ့ရာပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင် ခရိုင်နယ်မြေတာဝန်ခံ ဒေါ်စန်းစန်းဝင်း တက်ရောက်ခဲ့သည်။ ယနေ့နံနက် ၉း၀၀ နာရီအချိန်က တက်ရောက်လာကြသူများက နိုင်ငံတော် သီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ဗဟိုကော်မတီဝင်ဒေါ်စန်းစန်းဝင်းက ယနေ့နိုင်ငံရေးအခင်းအကျင်းနှင့် လူငယ်များနဲ့ အခန်းကဏ္ဍတို့ကို ဦးဆောင် ဆွေးနွေးခဲ့သည်။












