
Apple မှ အသစ်ထပ်မံ ထုတ်လုပ်လိုက်သည့် Stylus Touch Pen ဖြစ်သည်။ Pressure-sensitive အမျိုးအစား Touch Pen ဖြစ်ပြီး ပုံဆွဲခြင်းအတွက် လိုသလို ဖိ၍ ရေးဆွဲခြင်း၊ ခပ်ဖွဖွ ဖော့၍ရေးဆွဲခြင်း အစရှိသည်ဖြင့် အသုံးပြု ရေးဆွဲနိုင်မည်ဖြစ်သည်။ ပန်းချီဆွဲခြင်း၊ ခဲခြစ်ပုံဆွဲခြင်းများကို ခဲတံဖြင့် ရေးဆွဲသကဲ့သို့ သဘာဝကျကျ ကိုင်တွယ် ရေးဆွဲနိုင်မည် ဖြစ်ပြီး ကိုင်တွယ်ရေးဆွဲခြင်းအတွက် လက်နှင့် အံဝင်ခွင်ကျရှိသည့်အပြင် ပေါ့ပါးမှုရှိမည်ဖြစ်သည်။









