Oppo ကတော့ Selfie အသားပေးတဲ့ဖုန်းတွေ ထုတ်လုပ်လျက်ရှိနေတဲ့ ထုံးစံအတိုင်းပဲ နောက်ထပ်လည်း ထုတ်လုပ်ဖို့ ပြင်ဆင်ထားလျက်ရှိနေပါတယ်။ မကြာခင်မှာတော့ Selfie ရိုက်ရတာ ကြိုက်တဲ့သူတွေအတွက် ပိုပြီး အကြိုက်တွေ့စေမယ့် F3 နဲ့ F3 Plus တို့ကို Oppo က ထုတ်လုပ်သွားတော့မှာပါ။ Selfie Camera နှစ်လုံးပါဝင်လာမှာဖြစ်ပြီး၊ ကင်မရာအပိုင်းတင်မဟုတ်ပဲ ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းကိုလည်း သေချာ ပြင်ဆင်လာမယ်လို့ သိရပါတယ်။













