ကြေညာထားတဲ့အတိုင်းပင် Meizu M6 ကို စက်တင်ဘာ ၂၀ ရက်မှာ မိတ်ဆက်ကြေညာခဲ့ပါတယ်။ ဒီစမတ်ဖုန်းမှာ ၅.၂ လက်မ HD display ပါဝင်ပြီး Mediatek MT6750 SoC နဲ့ octa-core 1.5GHz processor ကို အသုံးပြုထားပါတယ်။ RAM ကို 2GB နဲ့ 3GB option များနဲ့ရရှိနိုင်ပြီး storage ကိုလည်း 16GB နဲ့ 32GB ဆိုပြီး ရရှိနိုင်ပါတယ်။
MPT ၏ အရောင်းဈေးကွက်ကို အသုံးပြု၍ Mobile Money ဝန်ဆောင်မှုပေးမည်ဟုဆို
MPT က Mobile Money ဝန်ဆောင်မှုပေးဖို့ စီစဉ်နေတဲ့နေရာမှာ လက်ရှိရရှိထားတဲ့ အရောင်းဈေးကွက်ကို အသုံးပြုသွားမယ်လို့ သတင်းရရှိပါတယ်။ “ကျွန်တော်တို့ အနေနဲ့ MPT Mobile Money ကို မကြာမီမှာ စတင်ပြီး ဝန်ဆောင်မှုပေးသွားတော့မှာ ဖြစ်ပါတယ်။

M ပိုက်ဆံ (M-Pitesan) ဖြင့် မိုဘိုင်းဖုန်းဘေလ်ဖြည့်သွင်းပါက နှစ်ဆပြန်ရမည့်အစီအစဉ် Ooredoo ပြုလုပ်
မိုဘိုင်းငွေလွှဲပြောင်းပေးနိုင်တဲ့ M ပိုက်ဆံ(M-Pitesan) အသုံးပြုသူတွေအနေနဲ့ ၎င်းအက်ပလီကေးရှင်းကို အသုံးပြုပြီး ဖုန်းငွေဖြည့်သွင်းခြင်းအတွက် မိမိဖြည့်တဲ့ ပမာဏအပေါ်မူတည်ကာ နှစ်ဆပြန်ပေးသွားမှာ ဖြစ်ပါ တယ်။


အဆိုပါအစီအစဉ်ကို စက်တင်ဘာ ၁၉ ရက်မှ စတင်ကာ နှစ်ဆပေးသွားမှာဖြစ်ပြီး အသုံးပြုနိုင်တဲ့ သက်တမ်းအနေနဲ့ စတင်ရရှိတဲ့ ရက်မှစတင်ကာ ၃ ရက်အတွင်းသာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ငွေအပိုလက်ဆောင်များအနေနဲ့ Ooredoo အချင်းချင်းစာတိုနဲ့ ဖုန်းခေါ်ဆိုခြင်း၊ အင်တာနက်အသုံးပြုခြင်းတို့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒေါ်လာ ၁၅၀ နဲ့ရောင်းချမယ့် Kindle Fire HD 10 tablet သစ်ကို Amazon မိတ်ဆက်
Amazon ဟာ ပြီးခဲ့တဲ့နှစ်က HD screen ပါဝင်တဲ့ Fire HD 10 tablet ကို ဒေါ်လာ ၂၃၀ နဲ့ ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ FullHD screen ပါဝင်ပြီး ဒေါ်လာ ၁၅၀ နဲ့ ရောင်းချမယ့် Kindle Fire HD 10 သစ်ကို Amazon က မိတ်ဆက်ပေးလိုက်ပါတယ်။
Samsung Galaxy Note 8 ကို ကြိုမှာသူတွေအတွက် technoland က အထူးအစီအစဉ်ပြုလုပ်
Samsung Galaxy Note 8 ကို စက်တင်ဘာလ ၁၈ ရက်က၂၇ ရက်အတွင်း ကြိုတင်မှာယူသူတွေအတွက် Technoland ကနေ အထူးအစီအစဉ် ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။ သတ်မှတ်ရက်အတွင်း ကြိုတင်မှာ ယူသူတွေအတွက် ငွေကျပ် ၁ သိန်းကျော်တန်ဖိုးရှိ လက်ဆောင်တွေအပြင် Telenor အသုံးပြုသူတွေအတွက် အင်တာနက် 30GB ၆လစီ နဲ့ လစဉ် ၁ သောင်းကျပ် ငွေဖြည့်ပြီး အခမဲ့အင်တာနက် လစဉ် 5GB ၆ လ ပေးအပ်သွားမယ်လို့ သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မည့် ပွင့်လင်းလွှတ်တော် Application
လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ပွင့်လင်းလွှတ်တော် Application ကိုဒီနေ့က နေစတင်ပြီး အသုံးပြုနိုင်ပြီလို့ သတင်းရရှိပါတယ်။ ပွင့်လင်းလွှတ်တော် ကနေ တစ်ဆင့် မိမိတို့မဲဆန္ဒနယ် ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်ရိုက် ဆက်သွယ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Telenor ဆင်းမ်ကတ်ပိုင်ဆိုင်မှုဆိုင်ရာများကို အွန်လိုင်းမှဆောင်ရွက်နိုင်
Telenor ဆင်းမ်ကတ် အသုံးပြုသူတွေအနေနဲ့ ဆင်းမ်ကတ်ပိုင်ဆိုင်မှု စစ်ဆေးခြင်း၊ အချက်အလက် ပြောင်းလဲလိုပါက အမည်ပြောင်းလဲခြင်းတွေကို အွန်လိုင်းကနေ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

Xiaomi Redmi Note5 A


Price : 150,000ks
Network GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim, Dual Stand-by)
OS – Android OS, v7.0
CPU – Quad-core Cortex-A53
Bonfire video chat app ကို Facebook စမ်းသပ်နေ
Bonfire လို့ခေါ်တဲ့ standalone group video chat app တစ်ခုကို Facebook က စမ်းသပ်နေတယ်လို့ ဇူလိုင်လက သတင်းထွက်ပေါ်လာပြီးနောက် အခုအခါ အဲ့ဒီ app က ဒိန်းမတ် Apple App Store ပေါ်မှာ ထွက်ပေါ်လာခဲ့တယ်လို့ The Next Web က ဖော်ပြခဲ့ပါတယ်။

ခေါက်နိုင်တဲ့စမတ်ဖုန်းကို လာမည့်နှစ်တွင် ဖြန့်ချိရန် Samsung ရည်မှန်းထား
Samsung Electronics အနေနဲ့ ခေါက်နိုင်တဲ့ စမတ်ဖုန်းတစ်မျိုးကို လာမယ့်နှစ်မှာ ဖြန့်ချိဖို့ ရည်မှန်းထား တယ်လို့ ကုမ္ပဏီရဲ့ မိုဘိုင်းဌာနအကြီးအကဲ Koh Dong-jin က ပြောကြား လိုက်ပါတယ်။ ဆိုးလ်မြို့မှာ ကျင်းပ ခဲ့တဲ့ Galaxy Note 8 အတွက် မီဒီယာအခမ်းအနားတစ်ခုမှာ Koh က “ကုမ္ပဏီအနေနဲ့ ခေါက်နိုင်တဲ့ display တစ်ခုပါဝင်တဲ့ စမတ်ဖုန်းတစ်မျိုးကို ၂၀၁၈ ခုနှစ်မှာ ဖြန့်ချိသွားဖို့ ရည်မှန်းထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
