Android ဖုန်းနဲ့ Reverse ဗီဒီယိုတွေကို ဘယ်လိုဖန်တီးမလဲဆိုတာကို ဖော်ပြပေးမှာဖြစ်ပါတယ်။
Reverse ဗီဒီယို ဆိုတာကတော့ ပုံမှန်လှုပ်ရှားမှု ပုံရိပ်တွေကို ဗီဒီယို ရိုက်လိုက်ပြီးတဲ့အချိန်မှာ ပုံရိပ်တွေကို ပြောင်းပြန်လှုပ်ရှားမှု ပုံရိပ်တွေအဖြစ် ပြန်ပြီး ပုံဖော်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ပြောင်းပြန်လှုပ်ရှားတဲ့ နေရာမှာ ဥပမာအနေနဲ့ ဆိုရင်တော့ လူတစ်ယောက်က ရှေ့တည့်တည့်ကို လမ်းလျှောက်လာတာကို Reverse ဗီဒီယို စနစ်နဲ့ ရိုက်မယ်ဆိုရင် လူကနောက်ပြန် လမ်းလျှောက်သွားတဲ့ ပုံစံမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပစ္စည်းတစ်ခု ကို ကိုယ့်ရဲ့လက်ကနေ လွှင့်ပြစ်လိုက်တဲ့ပုံစံမျိုးကို Reverse နဲ့ရိုက်မယ်ဆိုရင်လည်း လွှင့်ပစ်လိုက်တဲ့ အဝေးက ပစ္စည်းက လေထဲကနေ ကိုယ့်ရဲ့လက်ထဲကို ရောက်လာတဲ့ပုံစံမျိုး မြင်တွေ့ရမှာပါ။