
ယနေ့ခေတ်လူငယ်တွေ တော်ပြီးထက်မြက်ကြတယ်ဆိုတာကို ဘယ်သူမှငြင်းနိုင်မယ်မထင်ပါဘူး။ တချို့လူငယ်တွေဆို အချိန်ကို အကျိုးရှိရှိအသုံးချနိုင်ကြပါတယ်။ ဖလော်ရီဒါပြည်နယ်မှာနေထိုင်တဲ့ ဆယ်ကျော်သက် ကောင်လေးဆိုရင် အင်ဂျင်နီယာဆိုင်ရာပရောဂျက်တွေကို လုပ်ရင်းနဲ့ အချိန်ကို အကျိုးရှိရှိအသုံးချတာပါ။








