Sony က ကိုယ်ခန္တာမှာ ဝတ်ဆင်ရတဲ့ လေအေးပေးစက်ကို ရောင်းချ

ပူပြင်းတဲ့ နွေရာသီမှာ ဘယ်သွားသွား လေအေးပေးစက် ယူဆောင်သွားချင်သူတွေအတွက် Sony က ဖန်တီးပေးထားပါတယ်။ Reon Pocket လို့ အမည်ပေးထားပြီး သေးငယ်ကာ ပုခုံးအနောက်နားမှာ ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ ပေါ့ပါးပြီး ကွေးညွှတ်ပျော့ပြောင်းတာကြောင့် ဝတ်ဆင်ရတာ သက်တောင့်သက်သာ ရှိပြီး သင့်ကိုယ်ခန္တာ အနောက်ဘက်ကို လေအေးတွေ ပို့လွှတ်ပေးမှာပါ။စမတ်ဖုန်း App ကနေ အပူချိန်ကို ကိုယ်တိုင် ထိန်းချုပ်နိုင်သလို လေအေးပေးစက်က ဝတ်ဆင်သူရဲ့ အမူအကျင့်၊ ပြင်ပ အပူချိန်တွေကို Motion Sensor တွေကနေ လေ့လာကာ သင့်တော်တဲ့ အပူချိန်ကို အလိုလို ချိန်ညှိပေးနိုင်ပါတယ်။ ဒီနှစ်ထဲမှာ Reon Pocket 3 ကို ရောင်းချပေးခဲ့ပြီး အရင်မျိုးဆက်ထက် အအေးပေးတဲ့ စွမ်းရည်က ၅၀ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။

ကြော်ငြာကနေ ဝင်ငွေကျဆင်းလာကြောင်း Meta ထုတ်ပြန်

ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ကို ပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီဟာ ဇူလိုင်လအထိ သုံးလတာကာလအတွင်း ကြော်ငြာကနေရတဲ့ ဝင်ငွေဟာ ပထမဆုံးအကြိမ် ကျဆင်းသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

Meta ကုမ္ပဏီရဲ့ဝင်ငွေဟာ ၁ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဒေါ်လာ ၂၈ ဒသမ ၈ ဘီလီယံသာရှိခဲ့ပေမယ့် သုံးစွဲသူအရေအတွက်ကိုတော့ ကျဆင်းမှုမရှိအောင် ကာကွယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီဟာနှစ်ပေါင်းများစွာ အမြတ်အစွန်းတွေ စံချိန်တင်ရရှိခဲ့ပြီးနောက်မှာ အဲဒီအခြေအနေကနေ လွန်မြောက်သွားမှာကို လေ့လာသူတွေက စိုးရိမ်နေကြပါတယ်။

Yahoo, PayPal နှင့်ဂိမ်းဝဘ်ဆိုက်များကို အင်ဒိုနီးရှား ပိတ်ဆို့

လိုင်စင်စည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်မှုကြောင့် Yahoo ဝက်ဘ်ဆိုက်၊ ငွေပေးချေမှုကုမ္ပဏီ PayPal နှင့် ဂိမ်းဝဘ်ဆိုက်အများအပြားကို အင်ဒိုနီးရှားမှ ပိတ်ဆို့ထားကြောင်း တာဝန်ရှိသူတစ်ဦးက စနေနေ့ (ဇူလိုင် ၃၀ ရက်) တွင် ပြောကြားခဲ့ပြီး လူမှုကွန်ရက်တွင်လည်း တုံ့ပြန်ဝေဖန်မှုများ ဖြစ်ပွားခဲ့သည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းက ထုတ်ပြန်ခဲ့သော စည်းမျဉ်းများအရ မှတ်ပုံတင်ရန်လိုအပ်သည်။ မှတ်ပုံတင်ထားမှသာလျှင် တရားမဝင်သည့်အချက်လက်များ (သို့) အများပြည်သူကိုအနှောင့်အယှက်ဖြစ်‌စေသည့် အရာများ ဖြစ်‌ပေါ်လာပါက သက်ဆိုင်ရာကထိန်းချုပ်နိုင်မည်ဖြစ်သည်။

ရုရှားက 5G ကို ကျော်ပြီး ကိုယ်ပိုင် 6GB ကွန်ရက် တည်ဆောက်မည်

ရုရှားက 5G ကွန်ရက်ကို မတည်ဆောက်တော့ဘဲ 6G ကွန်ရက်ကို တိုက်ရိုက် တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ Skolkovo Institute of Science and Technology နဲ့ the Institute of Radio Manufacturing Science တို့ဟာ 6G ဆက်သွယ်ရေး စံနှုန်းကို သုတေသနပြုဖို့ ရူဘယ် ၃၀ ဘီလီယမ်ကျော် ရရှိမှာပါ။ရုရှား ဒုတိယဝန်ကြီး Dmitry Chernyshenko က ဩဂုတ်လ ၁ ရက်နေ့မှာ 6G ကို သုတေသနပြုဖို့အတွက် ရန်ပုံငွေတွေ ထောက်ပံ့ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ပြောထားပါတယ်။

တစ်နှစ်အတွင်း ကွေးညွတ်စမတ်ဖုန်း ၁၀ သန်းနီးပါး ရောင်းချနိုင်ခဲ့သည့် ဆမ်ဆောင်း

ကွေးညွှတ်စမတ်ဖုန်းတွေဟာ လက်ရှိစမတ်ဖုန်းဈေးကွက်မှာ တဖြည်းဖြည်းကြီးထွားလာနေတယ်ဆိုတာ သူတို့ရဲ့ အရောင်းပမာဏက ထင်ဟပ်နေပြီး တောင်ကိုရီးယားအခြေစိုက် ဆမ်ဆောင်းကတော့ ၂၀၂၁ ခုနှစ် တစ်နှစ်တည်းမှာပင် ကွေးညွှတ်စမတ်ဖုန်း ၁၀ သန်းနီးပါး တင်ပို့ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီပမာဏဟာ ၂၀၂၂ ခုနှစ်ကထက် ၃၀၀ ရာခိုင်နှုန်းရောင်းအားတက်လာတာဖြစ်ပြီး စမတ်ဖုန်းဈေးကွက်ရဲ့ကြီးမားတဲ့ ဈေးကွက်ဝေစုကို ကွေးညွှတ်စမတ်ဖုန်းတွေက နေရာယူထားတာဖြစ်ပြီး လာမယ့်နှစ်တွေမှာ ပိုမိုကျယ်ပြန့် လာမယ်လို့ ဆမ်ဆောင်းရဲ့ မိုလ်ဘိုင်းဌာနဥက္ကဋ္ဌဖြစ်သူ တီအမ်ရို့က ပြောပါတယ်။

စတီယာရင်မပါသည့် မောင်းသူမဲ့ကားသစ် Baidu ကုမ္ပဏီ ထုတ်ဖော်ကြေညာ

တရုတ် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Baidu ဟာ သူ့ရဲ့အလိုအလျောက်မောင်းနှင်တဲ့ တက္ကစီဝန်ဆောင်မှုဖြစ်တဲ့ Apollo Go မှာ ပါဝင်မယ့် မျိုးဆက်သစ် မောင်းသူမဲ့ကားကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။

Apollo RT6 လို့ အမည်ပေးထားတဲ့ အဲဒီမောင်းသူမဲ့ ကားဟာ နှစ်ပေါင်း ၂၀ လောက် အတွေ့အကြုံရှိတဲ့ ဒရိုင်ဘာတစ်ဦးလို ကျွမ်းကျင်မှုရှိတယ်လို့ ကုမ္ပဏီကဆိုပါတယ်။ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ မောင်းသူမဲ့ကားတွေ ဘေးကင်းလုံခြုံရေးအတွက် ယာဉ်မောင်းတွေလိုက်ပါဖို့ လိုအပ်နေပါတယ်။

Meta အမည်ရ ကုမ္ပဏီ ၁ ခုက Meta (Facebook) ကို တရားစွဲ

Facebook ဟာ အရင်နှစ် အောက်တိုဘာလမှာ နာမည်ကို Meta လို့ ပြောင်းလိုက်ပြီး Metaverse ကို တည်ထောင်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အခုလို Meta နာမည်ပြောင်းလိုက်တဲ့အတွက် ပြဿနာ တချို့ ရှိလာပါတယ်။

Tesla က Bitcoin ၇၅ ရာခိုင်နှုန်းကို ရောင်းလိုက်ပြီ

Tesla ရဲ့ အရာရှိတွေက ကုမ္ပဏီဟာ ဒေါ်လာ ၉၃၆ သန်းဖိုး Bitcoin ၇၅ ရာခိုင်နှုန်းကို ရောင်းချလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ Tesla ဟာ Bitcoin မှာ ဒေါ်လာ ၁.၅ ဘီလီယမ်ဖိုး ရင်းနှီးမြှပ်နှံခဲ့ပြီး လျှပ်စစ်ကားတွေကို Bitcoin နဲ့ ရောင်းချခဲ့ပါတယ်။ Tesla ဟာ မတ်လမှာ Bitcoin နဲ့ ငွေပေးချေတာကို လက်ခံခဲ့ပြီး ၄၉ ရက်အကြာ မေလမှာ Bitcoin နဲ့ ငွေပေးချေတာကို ရပ်နားခဲ့ပါတယ်။

200W Fast Charging နဲ့ SD8+ Gen 1 ပါတဲ့ iQOO 10 Pro ကို ကြေညာ

iQOO 10 နဲ့ 10 Pro ကို တရုတ်မှာ ကြေညာလိုက်ပြီး iQOO 10 Pro ဟာ 200W Fast Charging ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း အဖြစ် သမိုင်းမှတ်တမ်းဝင်သွားပါပြီ။

Netflix က အခပေးကြည့်ရူသူ တစ်သန်းနီးပါး ဆုံးရှုံး

အွန်လိုင်းဖျော်ဖြေရေးလုပ်ငန်းရဲ့ဘုရင်အဖြစ် ရပ်တည်ခဲ့တဲ့ Netflix က သူ့ရဲ့သရဖူကို ဆက်ထိန်းဖို့ ရုန်းကန်ရဖွယ်ရှိနေပါတယ်။ အခပေးကြည့်ရူသူတွေ ဆက်တိုက်ဆုံးရှုံးနေတဲ့လုပ်ငန်းက ဧပြီလကနေ ဇူလိုင်လအတွင်း သုံးလပတ်မှာ ကြည့်ရူသူ တစ်သန်း ဆုံးရှုံးခဲ့ပြီး သူတို့ စိုးရိမ်ထားသလောက်တော့ မများခဲ့ပါဘူး။