
အမေရိကန် ပြည်ထောင်စု Pennsylvania State University မှ သိပ္ပံပညာရှင်တွေက လျှပ်စစ်ကားတွေကို ၁၀ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်တဲ့ ဘက်ထရီ နည်းပညာအသစ်ကို ကြေညာလိုက်ပါတယ်။ အဲဒီ လစ်သီယမ် အိုင်းယွန်း ဘက်ထရီ ဒီဇိုင်းဟာ အားသွင်းချိန်ကို သက်သာစေသလို ခရီးပိုမိုသွားနိုင်ဖို့ လျှပ်စစ် စွမ်းအင်ကို ပိုမို သိုလှောင်ထားနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။









