
လျှပ်စစ်ကား အားသွင်းစက်တွေဟာ နေရာအနှံ့ မရှိသေးတာက လျှပ်စစ်ကား စီးသူတွေအတွက် စိတ်ပျက်စရာ ဖြစ်ပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့အတွက် လော့စ်အင်ဂျလိစ် အခြေစိုက် EV Safe Charge က လျှပ်စစ်ကားတွေ ရှိတဲ့ နေရာကို သွားပြီး အားသွင်းပေးနိုင်တဲ့ Ziggy အမည်ရ အားသွင်း စက်ရုပ်ကို ဖန်တီးလိုက်ပါတယ်။








