တိုယိုတာသည် BYD Co ဘက္ထရီများဖြင့် မောင်းနှင်မည့် လျှပ်စစ်ကားအသေးစားကို တရုတ်နိုင်ငံတွင် ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း တနင်္လာနေ့က ကြေငြာခဲ့သည်။
ယခုထုတ်လုပ်မည့်ယာဉ်အား တိုယိုတာ bZ3 ဟုခေါ်မည်ဖြစ်ကြောင်း ဂျပန်ကားထုတ်လုပ်ရေးကပြောကြားခဲ့ပြီး အရောင်းပြခန်းများ၌ မည်သည့်အချိန်တွင် ရောင်းချမည်ကို ပြောကြားခြင်းမရှိခဲ့ပေ။
ယခုထုတ်လုပ်မှုကို တိုယိုတာက ပြုလုပ်ပြီး ဘက္ထရီလျှပ်စစ်ကားများဖြစ်သည့် Beyond Zero (bZ) စီးရီးသစ်မှ ဒုတိယမော်ဒယ်အမျိုးအစားဖြစ်ကြောင်းသိရှိရသည်။