
ဂျပန်နိုင်ငံက နည်းပညာကုမ္ပဏီတစ်ခုဟာ မကြာခင်မှာ မိုးပျံပူဖောင်းတွေစီးပြီး အာကာသကို ခရီးသွား နိုင်တော့မယ့် အစီအစဉ်တစ်ခုကို အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ ဂျပန်နိုင်ငံမြောက်ပိုင်း ဆာပိုရိုမြို့အခြေစိုက် Iwaya Giken ကုမ္ပဏီဟာ Blue Origin ၊ Virgin Galactic နဲ့ SpaceX တို့ကို ကျော်လွန်ပြီး အာကာသ ခရီးသွား လုပ်ငန်းဈေးကွက်ထဲ ဝင်ရောက်လာပြီဖြစ်ပါတယ်။









