တိုယိုတာကုမ္ပဏီသည် အစိုးရထောက်ပံ့ကြေးများအပေါ်အမှီပြုလျက် ထိုင်းနိုင်ငံလျှပ်စစ်ကားဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ကာ ခြေကုပ်ယူနိုင်ရန်ကြိုးစားနေပြီး ထိုင်းနိုင်ငံ၌လျှပ်စစ်ကားများကို စတင်ရောင်းချမည် ဖြစ်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံတွင်စတင်မိတ်ဆက်ရောင်းချမည့် bZ4X အမည်ရှိလျှပ်စစ်ကားသည် တိုယိုတာ၏နာမည်ကြီး Lexus အမှတ်တံဆိပ်ဇိမ်ခံကားပြီးနောက် ပထမဆုံးထုတ်လုပ်သည့် လျှပ်စစ်ကားဖြစ်ကြောင်းလည်း သိရှိရသည်။ ဂျပန်၌ထုတ်လုပ်မည့်အဆိုပါလျှပ်စစ်ကားကို ထိုင်းဘတ်ငွေ ၁ ဒသမ ၈၃ သန်း(ဒေါ်လာ ၄၉,၉၀၀) နှင့် ရောင်းချမည်ဖြစ်ပြီး အရောင်ခြောက်မျိုးဖြင့် ထုတ်လုပ်မည်ဟုသိရှိရသည်။