ပရိသတ်အကြိုက်တွေ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ မင်းသားကြီး အာနိုးဆွာဇီနက်ဂါ က ရုပ်သံ ဇာတ်လမ်းတွဲတစ်ခုမှာ ပထမဆုံးပါဝင်ထားပြီး သူပါဝင်တဲ့ Fubar ဇာတ်လမ်းတွဲကို မေ ၂၅ ရက်မှာ စတင်ပြသမယ်လို့ Netflix ကကြေညာခဲ့ပါတယ်။
MIUI 14 update ကို Xiaomi ဖုန်းအချို့ မကြာခင် ရရှိမည်
Xiaomi က Mobile World Congress 2023 မှာ MIUI 14 ကို မကြာခင် ရမယ့် စမတ်ဖုန်း ၁၈ လုံးကို ကြေညာလိုက်ပါတယ်။ မတ်လထဲမှာ နိုင်ငံတကာအတွက် စတင် ဖြန့်ချိပေးမှာဖြစ်ပြီး အဲဒီ ဖုန်း စာရင်းကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
သိန်း ၁,၆၀၀ တန်တဲ့ လူ ၁ ယောက်စီး လျှပ်စစ် ဟယ်လီကော်ပတာ
ဟယ်လီကော်ပတာလို့ပဲ ပြောပြော၊ လေယာဉ်လို့ပဲ ပြောပြော၊ ဒရုန်းလို့ပဲ ပြောပြော ဒီ လျှပ်စစ် ယာဉ်ပျံလေးက ကားလမ်းပိတ်တဲ့ မြို့တွေမှာ အသုံးပြုဖို့ တော်တော် ကောင်းပါတယ်။ အဲဒီ ယာဉ်ပျံကို တရုတ်က ထုတ်လုပ်ထားတာ ဖြစ်ပြီး လူ ၁ ယောက်ပဲ စီးနင်းနိုင်ပါတယ်။
100 MP Portrait Camera ပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်း OPPO Reno8 T
ဒေါ်လာ ၃၀၀ထက်တန်ဖိုးပိုတဲ့ စမတ်ဖုန်းတွေကို ရုရှားဆီ သယ်ဆောင်တင်ပို့ခွင့် အမေရိကန် ပိတ်ပင်
ကမ္ဘာ့ ပထမဆုံး အနေနဲ့ AI က လေ့ကျင့်ရေး လေယာဉ်ကို ၁၇ နာရီကျော် မောင်းနှင်နိုင်ခဲ့
လေ့ကျင့်ရေး လေယာဉ် Lockheed Martin VISTA X-62A ကို AI က ကမ္ဘာ့ ပထမဆုံး အကြိမ် မောင်းနှင်နိုင်ခဲ့ပါတယ်။ လူသား ပိုင်းလော့ မပါဘဲ ၁၇ နာရီကျော်ကြာ မောင်းနှင်ခဲ့တာလို့ သိရပါတယ်။
အာကာသခရီးသွားနိုင်မည့် မိုးပျံပူဖောင်းကို ဂျပန် တီထွင်
ဂျပန်နိုင်ငံက နည်းပညာကုမ္ပဏီတစ်ခုဟာ မကြာခင်မှာ မိုးပျံပူဖောင်းတွေစီးပြီး အာကာသကို ခရီးသွား နိုင်တော့မယ့် အစီအစဉ်တစ်ခုကို အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ ဂျပန်နိုင်ငံမြောက်ပိုင်း ဆာပိုရိုမြို့အခြေစိုက် Iwaya Giken ကုမ္ပဏီဟာ Blue Origin ၊ Virgin Galactic နဲ့ SpaceX တို့ကို ကျော်လွန်ပြီး အာကာသ ခရီးသွား လုပ်ငန်းဈေးကွက်ထဲ ဝင်ရောက်လာပြီဖြစ်ပါတယ်။
ဆန်းသစ်သော Features များ ပါဝင်မည့် vivo Y22 အသစ်အား မကြာမီ မိတ်ဆက်မည်
ဈေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် ဈေးသက်သာကာ လူငယ်ဆန်ပြီး နည်းပညာစိတ်ဝင်စားသော အသုံးပြုသူများအတွက် vivo Y22 Y စီးရီးအသစ်အား မကြာမီ မိတ်ဆက်သွားမည်ဟု သိရသည်။
အဆိုပါ vivo Y22 သည် စွမ်းဆောင်ရည်မြင့်မားသော ပရီမီယံအင်္ဂါရပ်များ ပါဝင်လာနိုင်ပြီး အသုံးပြုသူများ၏ နှစ်သက်အားပေးမှု ရရှိလေ့ရှိသော မျိုးဆက်သစ် Y စီးရီး ဖြစ်လာမည်ဟု vivoက ယုံကြည်ထားသည်။
တောင်ကိုရီးယားက ၂၀၂၈ ခုနှစ်မှာ 6G ဝန်ဆောင်မှုပေးမယ်လို့ ကြေညာ
လက်ရှိမှာ 5G ရတဲ့ နိုင်ငံများများစားစား မရှိသေးပေမယ့် 6G နည်းပညာကို ဖန်တီးနေကြပါပြီ။ 5G ကို အစောဆုံးရခဲ့တဲ့ နိုင်ငံတွေထဲမှာ ပါတဲ့ တောင်ကိုရီးယားက 6G ကွန်ရက် ရမယ့် စီမံကိန်းကို ကြေညာလိုက်ပါတယ်။
မကြာခင်ရက်ပိုင်းအတွင်းမှာ ပရိသတ်ချစ်တဲ့ realme Brand Ambassador က ယူဆောင်လာတော့မည့် realme 10
၂၀၂၃ ခုနှစ်အတွက် realme Myanmar မှ လူကြိုက်များသော realme ထုတ်ကုန်များစွာထဲမှ နံပါတ်စီးရီး တစ်ခုဖြစ်သည့် realme 10 ကို realme Brand Ambassador မှ ခေါ်ဆောင်လာပေးတော့မှာဖြစ်သည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် realme ရဲ့ မိသားစုဝင်မှ ပရိသတ်အချစ်တွေကို တစ်ကျော့ပြန်သိမ်းယူဖို့ “RAM နှစ်ဆချိန်း၊ 256 နဲ့ သိမ်း” realme 10 နဲ့အတူ ရောက်ရှိလာပါမည်။