
Apple ဟာ Foldable iPhone ကို ဖန်တီးနေတဲ့ သတင်းတွေထွက်နေပြီး အဲဒီဖုန်းအတွက် Patent တွေကို မှတ်ပုံတင်ထားပါတယ်။ အဲဒီအတွက် မဝေးတော့တဲ့ အနာဂတ်မှာ Foldable iPhone ထွက်လာနိုင်ပါတယ်။

Apple ဟာ Foldable iPhone ကို ဖန်တီးနေတဲ့ သတင်းတွေထွက်နေပြီး အဲဒီဖုန်းအတွက် Patent တွေကို မှတ်ပုံတင်ထားပါတယ်။ အဲဒီအတွက် မဝေးတော့တဲ့ အနာဂတ်မှာ Foldable iPhone ထွက်လာနိုင်ပါတယ်။

တရုတ်နိုင်ငံပိုင် မီဒီယာ People’s Daily က မှတ်ဉာဏ်တုနည်းပညာအသုံးပြုတဲ့ သတင်းကြေညာသူ စက်ရုပ်ကို မိတ်ဆက်ပြသခဲ့ပါတယ်။ ရန်ရှောင်းရွန်လို့ အမည်ရတဲ့ chatbot ဟာ သတင်းကြေညာသူ ထောင်ပေါင်းများစွာရဲ့ နည်းနာတွေကို လေ့လာထားပြီး ပရိသတ်တွေ ရှာဖွေနေတဲ့ သတင်းတွေကို ၂၄ နာရီပတ်လုံး ကြေညာပေးနေမှာ ဖြစ်ပါတယ်။ ပညာရေး၊ ကပ်ရောဂါကာကွယ်ရေး၊ အိမ်ခြံမြေ၊ အလုပ်အကိုင်အခွင့်အလမ်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အစရှိတဲ့ သတင်းအကြောင်းအရာ အမျိုးမျိုးအတွက် ယေဘုယျအဖြေတွေကို ဖြေဆိုပေးနိုင်စွမ်း ရှိပေမဲ့ Open AI ရဲ့ ChatGPT chatbot ရဲ့ စွမ်းဆောင်ရည်ကိုတော့ မမီသေးဘူးလို့ ဆိုပါတယ်။ Team (ရိုးရာလေး)

၅ နှစ်အတွင်း သစ်ပင် ၁ ဘီလျံအထိ စိုက်ပျိုးနိုင်ဖို့ ရည်ရွယ်ထားတဲ့ ကနေဒါအခြေစိုက် တက်သစ်စကုမ္ပဏီ Flash Forest က မောင်းသူမဲ့ယာဉ်တွေကို အသုံးပြုလျက် ရှိပါတယ်။ သူတို့ကုမ္ပဏီရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဒရုန်းတွေဟာ သစ်ပင်စိုက်တဲ့နေရာမှာ လူသားတွေထက် ၁၀ ဆ ပိုမြန်ပြီး သမားရိုးကျ နည်းလမ်းတွေနဲ့ယှဉ်ရင်လည်း ကုန်ကျစရိတ် ၈၀ ရာခိုင်နှုန်းလောက် သက်သာတယ်လို့ ဆိုပါတယ်။

အင်စတာဂရမ်ပေါ်က ဓာတ်ပုံတွေကို ဖုန်းကာဗာဒီဇိုင်း ဖန်တီးတဲ့ အိုင်ဒီယာကြောင့် ဟောင်ကောင် လုပ်ငန်းရှင် ဝက်စလေအင်းဟာ တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ရှိတဲ့ ကုမ္ပဏီကို ဖန်တီးနိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အင်စတာဂရမ် လူမှုကွန်ရက်ကို ကြည့်ရင်း ဝက်စလေက အခုလို အကြံရခဲ့တာပါ။

Apple က iPhone 15 Pro Max ကို ကြေညာခြင်း မရှိသေးပေမယ့် အဲဒီဖုန်းရဲ့ သတင်းတွေ စတင် ထွက်ပေါ်လာနေပါပြီ။ iPhone 15 Pro Max ဟာ အပါးလွှာဆုံး မျက်နှာပြင်ဘေးဘောင်တွေ ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း အဖြစ် စံချိန်တင်မယ်လို့ သိရပါတယ်။

တရုတ်ကုမ္ပဏီ ByteDance က ပိုင်ဆိုင်တဲ့ TikTok ကို အမေရိကန်နိုင်ငံထံ ရောင်းရင် ရောင်း၊ မရောင်းရင် ပိတ်ပင်မယ်လို့ အမေရိကန်အစိုးရက သတိပေးခဲ့ပါတယ်။ ဒီသတင်းကို Wall Street Journal က စတင်ဖော်ပြခဲ့တာဖြစ်ပြီး ByteDance ကုမ္ပဏီဘက်ကလည်း အတည်ပြုခဲ့ပါတယ်။

စမတ်ဖုန်းတွေကို ကြိုးမဲ့အားသွင်းပေးတဲ့ နည်းပညာတွေ ထွက်ပေါ်နေပြီ ဖြစ်ပြီး လျှပ်စစ်ကားတွေကိုလည်း အဲဒီလို ကြိုးမဲ့အားသွင်းပေးနိုင်ရင် တော်တော် အဆင်ပြေမှာပါ။ အခုတော့ ဆွီဒင်က Chalmers University မှ သုတေသနပညာရှင်တွေက လျှပ်စစ်ကားတွေကို 500 kW Power နဲ့ ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ နည်းပညာကို တီထွင်လိုက်ပါတယ်။ အဲဒီ အားသွင်းနှုန်းနဲ့ဆိုရင် လျှပ်စစ်ကား ဘက်ထရီကို မိနစ်အနည်းငယ်အတွင်း အားသွင်းပေးနိုင်မှာပါ။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားရှိ ယူစီအယ်လ်အေက သုတေသီတွေဟာ ကမ္ဘာ့အမြန်ဆုံး လှုပ်ရှားသွားလာနိုင်တဲ့ လူသားဆန်တဲ့စက်ရုပ်ကို တီထွင်ဖန်တီးလိုက်ပြီး ဒီစက်ရုပ်ဟာ စက်ရုပ်ဖလားပြိုင်ပွဲဝင်ရန် အသင့်ဖြစ်နေပြီလို့ သုတေသီတွေက ပြောပါတယ်။
ARTEMIS လို့ အမည်ပေးထားတဲ့ အဲဒီစက်ရုပ်ဟာ ၂၀၂၃ စက်ရုပ်ဖလားဘောလုံးပြိုင်ပွဲမှာ ဝင်ပြိုင်ရန်အတွက် ဇူလိုင်လမှာ ပြင်သစ်နိုင်ငံ ဘော်ဒိုးမြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။ စက်ရုပ်ဖလားပြိုင်ပွဲဟာ အမျိုးမျိုးသော စက်ရုပ်တွေရဲ့ စွမ်းရည်ကိုပြသတဲ့ နိုင်ငံတကာသိပ္ပံဆိုင်ရာပွဲတစ်ခုလည်းဖြစ်ပါတယ်။

(Pre-order) ကြိုတင်အမှာများကို စတင်လက်ခံပေးလျက်ရှိ။ လူတိုင်းဘဝတွင် မိမိတို့၏ဘဝကို ထင်ဟပ်ခွန်အား ပေးနိုင်သည့် ချန်ပီယံများစွာ ရှိနေတတ်ကြသည်။ အမှန်ဆိုရလျှင် ချန်ပီယံဆိုသည့် ဂုဏ်ပုဒ် မဖြစ်ပေါ်သေးသည့် အချိန်တွင် ဘဝ၏ချန်ပီယံများမှာ သုညအခြေအနေမျိုးမှ အခြေပြုကာ တဖြည်းဖြည်းချင်းတည်ဆောက်ပြီး အထွဋ်အထိပ်သို့ တက်လှမ်းလာကြခြင်းသာဖြစ်သည်။ မဆုတ်မနစ် စိတ်ဓာတ်မျိုးဖြင့် ကြိုးစားတည်ဆောက်ပြီး ကန့်သတ်ချက်များကို ချိုးဖြတ်ကျော်လွှားကာ တက်လှမ်းလာကြခြင်း ဖြစ်သည်။ ချန်ပီယံများသည် အသစ်အဆန်း သို့မဟုတ် စိတ်လှုပ်ရှားစရာ တစ်ခုခုကို ကျွန်ုပ်တို့အတွက် အမြဲလိုလို ဆောင်ကြဉ်းပေးလာတတ်ကြသည်။

Alauda Aeronautics က Airspeeder Mk4 ကို ပြသလိုက်ပြီး ပြိုင်ကားပျံလို့ ပြောပါတယ်။ ကမ္ဘာ့ အမြန်ဆုံး ဟိုက်ဒရိုဂျင် eVTOL ယာဉ်ပျံ ဖြစ်လာပါတယ်။