
ဆွစ်ဇာလန်နိုင်ငံမှာ ရထားသံလမ်းတွေကြား ဆိုလာပြားတွေ တပ်ဆင်ဖို့ စီစဉ်နေပါတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ ရထားလမ်းကွန်ရက်က မိုင် ၂၀၀၀ ကျော် ရှည်လျားပြီး ရထားလမ်းကွန်ရက်တစ်ခုလုံးမှာ ဆိုလာပြားတွေ တပ်ဆင်လိုက်ရင် တစ်နာရီကို 1 terawatt (one trillion watt) ထုတ်လုပ်နိုင်ပြီး တစ်နိုင်ငံလုံးရဲ့ စွမ်းအင်အသုံးပြုမှု ၂ ရာခိုင်နှုန်းအထိ ကာမိမယ်လို့ ဆိုပါတယ်။





