ကမ္ဘာ့စံချိန်တင် အချိန်အကြာဆုံး ပျံသန်းနိုင်တဲ့ လျှပ်စစ် လေယာဉ်

Autoflight က စတုတ္ထမျိုးဆက် Prosperity I eVTOL တက္ကစီ လေယာဉ် နမူနာ မော်ဒယ်ကို ပြသလိုက်ပြီး ကမ္ဘာ့စံချိန်တင် အချိန်အကြာဆုံး ပျံသန်းနိုင်တဲ့ လျှပ်စ်စ် လေယာဉ် ဖြစ်လာပါတယ်။ eVTOL ဆိုတာက မြေပြင်ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်၊ အဆင်း လုပ်နိုင်တဲ့ လေယာဉ်ကို ခေါ်တာပါ။

ZTE က မျက်မှန် မလိုဘဲ 3D ကြည့်လို့ရတဲ့ Nubia Pad 3D ကို ကြေညာ

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က 3D တွေ ခေတ်စားခဲ့ပြီး တီဗီနဲ့ စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ 3D ကြည့်နိုင်တဲ့ ကုန်ပစ္စည်းတွေကို အပြိုင်အဆိုင် ဖန်တီးခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီနည်းပညာဟာ နောက်ပိုင်းမှာ ပျောက်ချက်သားကောင်းသွားခဲ့ပါတယ်။ အခုတော့ ZTE က Mobile World Congress (MWC) 2023 မှာ မျက်မှန် မလိုဘဲ 3D ကြည့်နိုင်တဲ့ Nubia Pad 3D ကို ကြေညာလိုက်ပါတယ်။

Xiaomi စမတ်ဖုန်းတွေကနေ BMW ကားတွေကို ထိန်းချုပ်နိုင်တော့မည်

Apple က ၂၀၂၀ ခုနှစ်မှာ Digital Car Key လုပ်ဆောင်ချက်ကို ကြေညာပြီးနောက်မှာ Android ဖုန်း ကုမ္ပဏီတွေဟာ ကိုယ်ပိုင် Digital Car Key ကို ဖန်တီးလာကြပါတယ်။ အခုတော့ Xiaomi က Digital Car Key ကို ကြေညာလိုက်ပြီး BMW နဲ့ ပူးပေါင်းထားပါတယ်။

လုံခြုံရေးစိုးရိမ်ပူပန်မှုကြောင့် ဥရောပကော်မရှင်ဝန်ထမ်းတွေကို TikTok မသုံးဖို့ အမိန့်ထုတ်

ဥရောပ ကော်မရှင်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေရဲ့စမတ်ဖုန်းတွေနဲ့ ကော်မရှင်မှာ အသုံးပြုနေတဲ့ စက်ပစ္စည်း တွေမှာ TikTok အက်ပလီကေးရှင်းကို ဖယ်ရှားဖို့နဲ့ အသုံးမပြုဖို့ အမိန့်ထုတ်လိုက်ပါတယ်။

အချက်အလက် တွေကို ကာကွယ်ဖို့အတွက် ဆိုက်ဘာလုံခြုံရေးတိုးမြှင့်မယ့် စီမံချက်ကို အကောင်အထည် ဖော်နေတာ ဖြစ်တယ်လို့ ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး ဥရောပကော်မရှင်က ထုတ်ပြန်ထားပါတယ်။

မင်းသားကြီးအာနိုး ပါဝင်တဲ့ ဇာတ်လမ်းတွဲကို Netflix မှာပြသမယ်

ပရိသတ်အကြိုက်တွေ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ မင်းသားကြီး အာနိုးဆွာဇီနက်ဂါ က ရုပ်သံ ဇာတ်လမ်းတွဲတစ်ခုမှာ ပထမဆုံးပါဝင်ထားပြီး သူပါဝင်တဲ့ Fubar ဇာတ်လမ်းတွဲကို မေ ၂၅ ရက်မှာ စတင်ပြသမယ်လို့ Netflix ကကြေညာခဲ့ပါတယ်။

MIUI 14 update ကို Xiaomi ဖုန်းအချို့ မကြာခင် ရရှိမည်

Xiaomi က Mobile World Congress 2023 မှာ MIUI 14 ကို မကြာခင် ရမယ့် စမတ်ဖုန်း ၁၈ လုံးကို ကြေညာလိုက်ပါတယ်။ မတ်လထဲမှာ နိုင်ငံတကာအတွက် စတင် ဖြန့်ချိပေးမှာဖြစ်ပြီး အဲဒီ ဖုန်း စာရင်းကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

သိန်း ၁,၆၀၀ တန်တဲ့ လူ ၁ ယောက်စီး လျှပ်စစ် ဟယ်လီကော်ပတာ

ဟယ်လီကော်ပတာလို့ပဲ ပြောပြော၊ လေယာဉ်လို့ပဲ ပြောပြော၊ ဒရုန်းလို့ပဲ ပြောပြော ဒီ လျှပ်စစ် ယာဉ်ပျံလေးက ကားလမ်းပိတ်တဲ့ မြို့တွေမှာ အသုံးပြုဖို့ တော်တော် ကောင်းပါတယ်။ အဲဒီ ယာဉ်ပျံကို တရုတ်က ထုတ်လုပ်ထားတာ ဖြစ်ပြီး လူ ၁ ယောက်ပဲ စီးနင်းနိုင်ပါတယ်။

ကမ္ဘာ့ ပထမဆုံး အနေနဲ့ AI က လေ့ကျင့်ရေး လေယာဉ်ကို ၁၇ နာရီကျော် မောင်းနှင်နိုင်ခဲ့

လေ့ကျင့်ရေး လေယာဉ် Lockheed Martin VISTA X-62A ကို AI က ကမ္ဘာ့ ပထမဆုံး အကြိမ် မောင်းနှင်နိုင်ခဲ့ပါတယ်။ လူသား ပိုင်းလော့ မပါဘဲ ၁၇ နာရီကျော်ကြာ မောင်းနှင်ခဲ့တာလို့ သိရပါတယ်။