ဘေးတစ်စောင်း အိပ်စက်ခြင်းရဲ့ ကောင်းကျိုးများ

သင့်ရဲ့ အိပ်စက်တဲ့အနေအထားဟာ သင့်ကို အယ်လ်ဇိုင်းမားလိုရောဂါမျိုး ဖြစ်လာစေဖို့အတွက် အခွင့်အလမ်း များစေနိုင်တယ်လို့ သုတေသနအသစ်တစ်ခုက ဆွေးနွေး တင်ပြလိုက်ပါတယ်။ ဘေးတစ်စောင်း အိပ်စက်ခြင်းဟာ လည်း သင့်ဦးနှောက်အတွင်းမှာရှိတဲ့ တစ်နေ့တာရဲ့ ဓါတုဗေဒပစ္စည်းတွေ ကပ်တွယ်ရှုပ်ပွနေခြင်းကို အိပ်စက် အနားယူတဲ့အခါမှာ ရှင်းလင်းသွားစေတယ်လို့ သုတေသီတွေရဲ့ အဆိုအရသိရပါတယ်။

New Picture

(more…)


ဖန်ခါးသီးရဲ့ အသုံးဝင်ပုံ

ဖန်ခါးသီးပင်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် သဘာဝ အလျောက် ပိုမိုဖြစ်ထွန်းပေါက်ရောက်သည်။ မြန်မာဆေးကျမ်းများအလိုအရ ဖန်ခါးသီး သည် ဖန်၏။ ချဉ်၏။ ခါး၏။ စပ်၏။ ပူ၏။ ၀မ်းမီးကို တောက်စေ၏။ သွေးသားကို စင်ကြယ်စေ၏။ မျက်စိကို ကောင်းစေ၏။ အထူးသဖြင့် အူနှင့် စပ်သော ရောဂါများ၊ အရေပြားရောဂါ၊ ကိုယ်ရေ၀ါ မြင်းသရိုက်၊ ညောင်းကျ၊ ကြို့ထိုး၊ ၀မ်းဗိုက်အောင့်၊ အစာမကြေ ရောဂါတို့၌ ဖန်ခါးသီးကို သုံးရ၏။

Phan Khar

အသီးအသုံးပြုပုံ- (more…)


သြဂုတ်လအတွင်း ထွက်ရှိလာတော့မည့် စီလင်းဒီယွန်၏ အယ်လ်ဘမ်အသစ်

ကနေဒီယမ်ပေါ့ပ်အဆိုတော် စီလင်းဒီယွန်က သူမ၏ တစ်ကိုယ်တော် အယ်လ်ဘမ် EncoreUnSoir ကို လာမည့် သြဂုတ်လ (၂၆) ရက်တွင် စတင်ဖြန့်ချီတော့ မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

13754405_1189444134409177_861320101732464165_n

(more…)


ထမင်းချက်ခြင်းရဲ့ လျှို့ဝှက်ချက်များ

အိမ်ရှင်မ/ထီးများအတွက် ထမင်းချက်ရာတွင် အရသာသာမက ကျန်းမာရေး အဟာရဓါတ်တွေပါ မဆုံးရှုံးစေမည့် နည်းလမ်းလဲလွယ်ကူစေမည့် ထမင်းချက်ခြင်း၏ လျှို့ဝှက်ချက်များကို စုစည်းဖော်ပြ ပေးလိုက်ပါသည်။

IMG_2224

(more…)


နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်ပါတယ်

ဒါက အိန္ဒိယကနေအာရှအထိပျံနှံ့လာတဲ့ သဘာဝဆေးနည်းဖြစ်ပြီး နိုင်ငံတကာဆေး ပညာရှင်များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

NNOP

(more…)


သွေးလွန်တုပ်ကွေး ကာကွယ်ဆေး တစ်မျိုးကို WHO ပထမဆုံးအကြိမ် အသိအမှတ်ပြု

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေးတစ်မျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ပထမဆုံးအကြိမ် တရားဝင် အသိအမှတ်ပြုလိုက်ကြောင်းသိရသည်။ Dengvaxiaဟု အမည်ပေးထားသည့် ကာကွယ်ဆေးသည် ပြင်သစ်အခြေစိုက် Sanofi Pasteur သုတေသနဌာန၏ ဆယ်စုနှစ် နှစ်ခုကြာ ကြိုးစားသုတေသနပြုမှု၏ ရလဒ် အဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

New Picture

(more…)


ဒန့်သလွန်သီးစားရင်‬ သင့်ခန္ဓာကိုယ်မှာ ဒါတွေဖြစ်မယ်

ဒန့်သလွန်သီးက အစာအိမ်ရောဂါတွေကို ကုသရာမှာ အထူးထိရောက်ပါတယ်။
၁ – အသည်းကို ကာကွယ်ပေးတယ်

ဒန့်သလွန်သီးမှာ ဗီတာမင် စီ၊ ferulic အက်ဆစ်နဲ့ catechin တွေ ပါဝင်ပါတယ်။ ဆေးဝါးနဲ့ အခြားကိစ္စတွေကြောင့်ဖြစ်ပွားတဲ့ အသည်းထိခိုက်မှုကို မြန်မြန်ဆန်ဆန်ပြန်ကောင်းလာဖို့ ကူညီပေးပါတယ်။

၂ – ပိုးသတ်ပေးတယ်

ဟောလိဝုဒ်လောကတွင်လည်းအောင်မြင်ကျော်ကြားနေသည့်…မင်းသားရိန်း

Full House ကိုရီးယားအချစ် ဟာသဇာတ်လမ်းတွဲဖြင့် မြန်မာ ပရိသတ်များနှင့် စတင်ရင်းနှီးခဲ့ သည့် တောင်ကိုရီးယားထိပ်တန်း ငွေကြယ်ပွင့် အဆိုတော်မင်းသား လေးရိန်းသည် အာရှတွင်သာမက ကမ္ဘာကျော်ဟောလိဝုဒ်လောကသို့ ပါခြေဆန့်ပြီးအောင်မြင်ကျော်ကြား နေသူဖြစ်သည်။ ရိန်း၏နာမည် အရင်းကမူ ဂျန်ဂျီဟွန်းဖြစ်ပြီး ပရိ သတ်များကမူ ၄င်းကိုအဆိုတော် ရိန်းအဖြစ်ပိုမိုသိခဲ့ကြသည်။ ရိန်း သည် ဟောလိဝုဒ်လောကသို့ ထိုး ဖောက်ဝင်ရောက်နိုင်ရေးအတွက် အင်္ဂလိပ်ဘာသာစကားကို သေချာ လေ့လာလိုက်စားခဲ့သူဖြစ်သည်။
ရိန်းသည် အသက် ၁၆ နှစ် အရွယ် ၁၉၉၈ ခုနှစ်ကတည်းက အနုပညာလောကကို ဝင်ရောက်ခဲ့ ပြီး Fanclub ဟူသည့်အဆိုတော် အဖွဲ့တွင်စတင်ပါဝင်ခဲ့ပြီး တေး အယ်လ်ဘမ်နှစ်ခုထုတ်ဝေခဲ့သည်။ ၂ဝဝ၂ ခုနှစ်မှစတင်ကာ ရိန်း အမည်ဖြင့် တစ်ကိုယ်တော်တေး သီချင်းများ စတင်သီဆိုဖျော်ဖြေ ခဲ့သည်။
သရုပ်ဆောင်လောကထဲသို့ ၂ဝဝ၃ ခုနှစ်မှာစတင်ဝင်ရောက် ခဲ့ပြီး ၂ဝဝ၄ ခုနှစ်မှစတင်ကာ အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် ၄င်း သည် တေးအယ်လ်ဘမ်ခြောက်ခု ထုတ်ဝေခဲ့ပြီး ကမ္ဘာလှည့်ဂီတဖျော် ဖြေပွဲပေါင်းများစွာကိုလည်း သီဆို ဖျော်ဖြေခဲ့ပြီးဖြစ်သည်။
ရိန်းသည် နိုင်ငံတကာနာမည် ကြီးကုမ္ပဏီကြီးများ၏ ရုပ်ရှင် ဇာတ်ကားများစွာတွင်ပါဝင်သရုပ် ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး Racer နှင့် Ninja Assassin ဇာတ် ကားများကမူ ၄င်း၏ကမ္ဘာကျော် နာမည်ကြီး ရုပ်ရှင်ဇာတ်ကားများ ဖြစ်သည်။ လက်ရှိတွင် ကိုရီးယား ဒရာမာ မင်းသမီးချောလေး ကင်မ် တေးဟီးနှင့်ချစ်ကြိုက်နေလျက်ရှိပြီး လူငယ်ပရိသတ်နှင့် လူလတ်ပိုင်း ပရိသတ်များ၏အားပေးမှုကို အခိုင် အမာရရှိနေဆဲဖြစ်သည်။အောင်မြင် ကျော်ကြားမှုများ၏သရဖူရှင် ရိန်း ကို ၁၉၈၂ ခုနှစ် ဇွန် ၂၅ ရက် တွင်မွေးဖွားခဲ့သည်။

ကြက်သွန်ဖြူ (garlic )ကိုစား ကျန်းမာခြင်းသည် လာဘ်တစ်ပါး

မြန်မာပြည်တွင် မက ကမ္ဘာတစ်ဝန်းလုံးတွင် ဟင်းချက်ပြုတ်၌ အသုံးပြုသော ကြက်သွန်ဖြူသည် ဆေးဖက်ဝင် အာနိသင်များဖြင့် ပြည့်စုံလှကြောင်း ၊ ကြက်သွန်ဖြူကို တစ်နေ့ တစ်လုံးစားသုံးပေးပါက ဗီတာမင်အေ ၊ ဘီ နှင့် စီ ပြည့်ဝစွာရရှိမည်သာမက သတ္တုဓာတ်အမျိုးမျိုးကို ခန္ဓာကိုယ်အတွက် ထောက်ပံ့ပေးနိုင်မည် ဖြစ်သည် ။

အမေ့ခြေရာရုပ်ရှင် ဇာတ်ကားကြီးပြန်လည်ရိုက်ကူး ဆန်းသစ်မှုတွင်မြင်ရဦးမည့် ကလေးသရုပ်ဆောင် အားသစ်

၂ဝဝ၂ ခုနှစ်က အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီညွန့်ဝင်းရရှိခဲ့သည့် စိမ်းဝါနီရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူးပြီး ဒါရိုက်တာ ကြည်စိုးထွန်း ဖန်တီးတင်ဆက်ထားသော ‘ဆန်ရေ’ ရုပ်ရှင်ဇာတ်ကားကြီးတွင် ဖခင်စွန့်ပစ်ခြင်းခံခဲ့ရပြီး မိခင် အကယ်ဒမီမြင့်မြင့်ခိုင်၏ သားငယ်၊ အကယ်ဒမီလွင်မိုး ငယ်ဘဝအဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သူ ကလေးသရုပ်ဆောင် အားသစ်တစ်ယောက် အခုဆို ရုပ်ရှင် ဇာတ်ကားများစွာကို ရွှေရတနာရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ထုတ်လုပ်ရိုက်ကူးလျက်ရှိပါတယ်။
ယခုလ ၉ ရက် နံနက် ၁ဝ နာရီက ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့်ရှိ Orchid Hotel တွင် အဆိုပါရုပ်ရှင်ထုတ်လုပ်ရေး မှ ထုတ်လုပ်ရိုက်ကူးမည့်ဇာတ်ကား သုံးကား မိတ်ဆက်ပွဲပြုလုပ်ခဲ့ ပါတယ်။
”ကျွန်တော်အခုဆိုကားကြီးပေါင်း ၁ဝ ကားရှိပါပြီ။ ခေါင်းဆောင်အနေနဲ့ပေါ့။ ကျွန်တော်က အခုဆို အနုပညာရှင်ကြီးတွေဆီက ပညာရယူနေတယ်။ အနုပညာ ရှင်လူငယ်တစ်ယောက်ပါ။ ဇာတ်ကားတွေ မှာ အရင်က ကလေးသရုပ်ဆောင်အဖြစ် နဲ့ သရုပ်ဆောင်ခဲ့တာလေ အခုက ကိုယ့် အတွက် နေရာတွေ လုပ်ကွက်တွေ အများ ကြီးလုပ်လာရပြီဆိုတော့ အရင်ကထက် ပိုအားစိုက်ပြီးလုပ်နေရပါတယ်။ အဲ့ဒီ အတွက် အများကြီးလည်း ပင်ပန်းရတယ်။ ကျွန်တော့်ကို ကလေးဘဝကတည်းက ယနေ့အထိချစ်ခင်မှုနဲ့ အားပေးနေတဲ့ပရိသတ် ရှိနေတော့ သူတို့အတွက် ကျွန်တော် အကောင်းဆုံးတွေပဲ ဖန်တီးသွားမှာပါ။ ကျွန်တော့်ကိုအားလုံးက စိုးရိမ်ကြတာ လေးတစ်ခုတော့ရှိတယ်။ ငယ်သေးတယ်ပေါ့။ လုပ်ကွက်တွေပိုင်နိုင်ပါ့မလားလို့။ ကျေးဇူးတင်ပါတယ်။ အခုလိုစိတ်ပူပေး တာကို။ ကျွန်တော့်ဘက်ကတော့ ဘာ လာလာ အကောင်းဆုံးလုပ်သွားမယ်။ ကိုယ်မလုပ်ဖူးသေးတဲ့ ကာရိုက်တာတွေ လည်း အများကြီးရှိသေးတယ်လေ။ အဲ့ဒါ ကြောင့် ကျွန်တော့်အနုပညာဖန်တီးမှုကို စောင့်ကြည့်ပြီး ဝေဖန်ပေးပါလို့ ပြော ချင်ပါတယ်”ဟုဆိုပါတယ်။ ၄င်းအနေနဲ့ ရွှေရတနာရုပ်ရှင်ထုတ်လုပ်ရေးနှင့်အတူ လက်တွဲရိုက်ကူးခဲ့သော ဇာတ်ကားများ ဖြစ်သည့် ‘ပင်လယ်ပုံပြင်’သရုပ်ဆောင် အိချောပိုနှင့်လည်းကောင်း၊ ဒါရိုက်တာ ပြည်ဟိန်းသစ်ရိုက်ကူးသည့် ‘အောင်သွယ် တော် စိန်အားသစ်’၊ ဒါရိုက်တာ ရွှေပြည် ဂတုံးရိုက်ကူးသော ‘ကျေးညီနောင်အောင် သွယ်’လည်းကောင်း၊ ဒါရိုက်တာ ကိုဇော် အရုဏ်ဦးရိုက်ကူးသော ‘ချန်ပီယံလေး များ’စသည့် ဇာတ်ကားများရိုက်ကူးထား ပြီး မကြာမီ ထွက်ရှိတော့မည်ဟုသိရပါ တယ်။ ယခုမိတ်ဆက်သော ရုပ်ရှင်ဇာတ် ကားသုံးကားဟာဆိုလျှင် ၁၉၉၇ ခုနှစ်က ဒွေးပထမဆုံးအကယ်ဒမီရရှိခဲ့တဲ့ ဒါရိုက် တာခင်မောင်ဦး၊စိုးသိမ်းထွဋ်ရိုက်ကူးသော ‘အမေ့ခြေရာ’ ရုပ်ရှင်ဇာတ်ကားကြီးကို ‘အနဂ္ဃဂုဏ်ဖြာ အမေ့ခြေရာ’ အမည်နဲ့ ပြန်လည်ရိုက်ကူးသွားမည်ဟုသိရပါတယ်။